
အပြောင်းအရွှေ့သတင်းတွေထွက်နေပေမယ့် နာပိုလီကိုပြောင်းဖို့စိတ်ကူးမရှိတဲ့ ယူနိုက်တက်စတား
ယူနိုက်တက်နောက်ခံလူ မာတီနက်ဇ်ကို နာပိုလီက ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်နေပေမယ့် ကစားသမားဘက်ကတော့ အသင်းပြောင်းဖို့ စိတ်ကူးမရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့နွေရာသီတုန်းက အသင်းဖော်ဟောင်း တိုမီနေးတစ်ယောက် နာပိုလီထံပြောင်းရွှေ့ပြီး စီးရီးအေချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အခုချိန်မှာလည်း နာပိုလီဟာ နောက်ထပ်ယူနိုက်တက်စတားတစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်လာပါတယ်။ ဒါပေမယ့် Mail Online သတင်းဌာနကတော့ အာဂျင်တိုင်းသားဟာ အီတလီမြေကိုပြောင်းချင်စိတ်မရှိပဲ ယူနိုက်တက်မှာပဲဆက်နေကာ အောင်မြင်မှုရယူနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒယ်လိုစပေါ့တ်သတင်းဌာနကတော့ နာပိုလီဟာ မာတီနက်ဇ်အခြေအနေကို စောင့်ကြည့်နေပြီး အသင်းဖော်ဟောင်းနဲ့ပြန်လည်ပေါင်းဆုံစေချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ နာပိုလီဟာ ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက ဂါနာချိုကိုခေါ်ယူဖို့ ချိတ်ဆက်ခဲ့သေးပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။ တိုမီနေးဟာ ပြီးခဲ့တဲ့ရာသီတုန်းက နာပိုလီအသင်းရဲ့အဓိကကစားသမားဖြစ်ခဲ့ပြီး လိဂ်ပွဲ ၃၄ ပွဲမှာ ၁၂ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ တကယ်လို့ ဂါနာချို နဲ့ မာတီနက်ဇ်ကိုပါခေါ်ယူနိုင်ခဲ့မယ်ဆိုရင် နာပိုလီမှာ ယူနိုက်တက်စတား ၃ ဦးအထိ ရှိလာမှာဖြစ်ပါတယ်။