The network connection is lost.

Banner Image

နည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ အာမိုရင်

၃၃ နှစ်အတွင်း အဆိုးဝါးဆုံးပရီးမီးယားလိဂ်ရာသီကို စတင်ခဲ့တဲ့နောက် ယူနိုက်တက်နည်းပြ အာမိုရင်တစ်ယောက် အနာဂတ်က မသေချာမှုတွေရှိနေပေမယ့် အသင်းတာဝန်ရှိသူတွေက ထောက်ခံနေဆဲဖြစ်ပါတယ်။ အာမိုရင်ဟာ မန်စီးတီးကိုအရေးနိမ့်ခဲ့တဲ့မန်ချက်စတာဒါဘီမှာ နောက်တန်း ၅ ယောက်ထားတဲ့နည်းစနစ်နဲ့ပတ်သက်ပြီး ဝေဖန်ခံနေရပါတယ်။

ဒါပေမယ့် ပေါ်တူဂီသားနည်းပြကတော့ သူ့နည်းစနစ်ကိုအပြောင်းအလဲလုပ်မှာမဟုတ်သလို အသင်းဘက်က သူ့နည်းစနစ်အပြောင်းအလဲမလုပ်ခင်မှာ အထုတ်ခံရနိုင်ချေရှိတာကို သိမြင်ထားတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ယူနိုက်တက်ဟာ ၂၀၂၅ - ၂၆ ရာသီမှာ ပြိုင်ပွဲစုံ ၅ ပွဲအတွင်း တတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပြီး မန်ချက်စတာဒါဘီမှာ ၃-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။

စီးတီးအတွက်ဂိုးတွေကို ဖိုဒန် ၊ ဟာလန်းတို့က သွင်းယူပေးခဲ့ပါတယ်။ မန်ချက်စတာညနေခင်းသတင်းဌာနရဲ့အဆိုအရ ၃၁ ပွဲမှာ ၁၆ ပွဲအထိအရေးနိမ့်ထားခဲ့ပေမယ့်လည်း အာမိုရင်အနာဂတ်က အဆင်ပြေနေဆဲလို့ ပြောကြားခဲ့သလို စာချုပ်သက်တမ်းကလည်း ၂၀၂၇ အထိ ဆက်ရှိနေပါတယ်။ ဒါဘီပွဲမှာအရေးနိမ့်ခဲ့ပြီးနောက် ဝေဖန်မှုတွေရှိနေပေမယ့်လည်း အာမိုရင်ဟာ သူ့နည်းစနစ်ကို အပြောင်းအလဲလုပ်ဖို့ မရှိတာဖြစ်ပါတယ်။

ပေါ်တူဂီသားနည်းပြက “အခုအခြေအနေကို ကျွန်တော် နားလည်သလို လက်လည်းလက်ခံပါတယ်။ အဲ့တာက ကျွန်တော်ယူနိုက်တက်မှာ စံချိန်တွေမကောင်းပါဘူး။ အများကြီးဖြစ်ပျက်နေပါတယ်။ ဒီလတွေမှာ ဘာတွေဖြစ်လဲဆိုတာကို ကျွန်တော်မတွေးမိပါဘူး။ ဒါပေမယ့် အခြေအနေတွေကို ကျွန်တော်လက်ခံပါတယ်။ ကျွန်တော်ကတော့ အပြောင်းအလဲလုပ်မှာမဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော့်အတွေးအခေါ်ကိုပြောင်းလဲချိန်ဆိုရင် ကျွန်တော်ပြောင်းလဲမှာပါ။

အဲ့လိုမှမဟုတ်ရင် လူအပြောင်းအလဲလုပ်ရပါမယ်။ ကျွန်တော်တို့ အရေးနိမ့်တဲ့ပွဲတွေအကြောင်းပြောကြပါတ်။ ကျွန်တော်က နည်းစနစ် ဒါမှမဟုတ် ဘာကိုမှမယုံကြည်ပါဘူး။ ကျွန်တော့်နည်းလမ်းအတိုင်း ယုံကြည်ပါတယ်။ ကျွန်တော်မပြောင်းလဲခင်အထိ ကျွန်တော့်နည်းလမ်းအတိုင်းပဲဆက်ကစားမှာပါ။ကျွန်တော်မက်ဆေ့ချ်ပေးနိုင်တာက အသင်းအတွက် အရာအားလုံးပေးဆပ်မှာပါ။

ကျွန်တော် လုပ်နိုင်သမျှအားလုံးလုပ်ဆောင်မှာပါ။ အသင်းအတွက်လည်း အကောင်းဆုံးတွေးပေးနေပါတယ်။ အခုလည်း တူညီတဲ့မက်ဆေ့ချ်ပဲပေးချင်ပါတယ်။ အဲ့တာက ကျွန်တော့်ဆုံးဖြတ်ချက်မဟုတ်သလို ကျန်တဲ့သူတွေဆုံးဖြတ်ချက်ပါ။

ကျွန်တော် ဒီကိုမရောက်ခင်အထိ အကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်ပွဲတွေကိုတကယ်အနိုင်ရချင်ပါတယ်။ သူတို့ခံစားတာထက် ကျွန်တော်ကပိုခံစားရပါတယ်”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။ ဥရောပပွဲမရှိတာကြောင့် ယူနိုက်တက်ဟာ လာမယ့်စနေနေ့မှာ ချဲလ်ဆီးနဲ့ ပွဲကျပ်ထပ်မံကန်ရမှာဖြစ်ပါတယ်။