
လူကျွံဘောဂိုးဟာ ကျွန်တော့်စိတ်ထဲမှာ ထာဝရ ကျန်နေနိုင်တယ်လို့ ပြောကြားလိုက်တဲ့ အင်တာမီလန်ရဲ့ ဝါရင့်ကစားသမား မစ်ခီတာရန်
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့က မစ်ခီတာရန်ရဲ့ဂိုးဟာ အင်တာမီလန်ကို ၄-၃ ဂိုး နဲ့ ဦးဆောင်စေခဲ့ပေမယ့် VAR က ၂-၃ စင်တီမီတာ လူကျွံတယ်လို့လို့ ဆုံးဖြတ်ခဲ့တာကြောင့် ပယ်ချခံခဲ့ရပါတယ်။
"ကျွန်တော် ဒါကို တစ်သက်လုံး စဉ်းစားနေရနိုင်ပါတယ်" လို့ ကွင်းလယ်ကစားသမားက Amazon Prime Video Italia ကို ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ ဦးဆောင်နိုင်မယ့် အခိုက်အတန့်မှာ ဖြစ်ခဲ့တာပါ၊ ကံမကောင်းစွာနဲ့ ကျွန်တော်က ၂-၃ စင်တီမီတာ လောက် လူကျွံနေခဲ့တယ်။ ကျွန်တော်တို့က အမြဲတမ်းဦးမော့ထားမှာပါ။ ဒုတိယအကျော့မှာလည်း အပြုသဘောဆောင်တဲ့ ရလဒ်ကို ရရှိမယ်လို့ မျှော်လင့်ပါတယ်"
"ဒုတိယအကျော့မှာ ဘာဖြစ်မယ်ဆိုတာ ကျွန်တော် မပြောနိုင်ပါဘူး။ တိုက်စစ်ဆင်တဲ့အခါနဲ့ ဘောလုံးကို ထိန်းထားတဲ့အခါ ကျွန်တော်တို့ ပိုလုပ်နိုင်ပါတယ်။ ဘာစီလိုနာက အရမ်းသန်မာတဲ့အသင်းဖြစ်တာတော့ သေချာပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့လည်း အဲဒီလိုပါပဲ" လို့ သူက ပြောပါတယ်။