The network connection is lost.

Banner Image

နော်တင်ဟမ်စတားကိုခေါ်ယူနိုင်တော့မယ့် နယူးကာဆယ်

နော်တင်ဟမ်အသင်းမှာခြေစွမ်းပြနိုင်ခဲ့ပြီးနောက် နယူးကာဆယ်အသင်းဟာ တောင်ပံနေရာအတွက် အီလန်ဂါကို ပေါင် ၅၅ သန်းနဲ့ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက အသင်းအတွက် ပရီးမီးယားလိဂ် ၃၈ ပွဲလုံးပါဝင်ခဲ့ပြီး အခုအပတ်မှာ နယူးကာဆယ်နဲ့ ဆေးစစ်မှုခံယူမှာဖြစ်ကာ ၅ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။

နယူးကာဆယ် နဲ့ နော်တင်ဟမ်တို့ကြား ပေါင် ၅၂ သန်း + အပိုဆုကြေးနဲ့သဘောတူညီမှုရရှိခဲ့တယ်လို့ ရိုမာနိုက ပြောကြားလိုက်ပါတယ်။ အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်စတားဟောင်းဟာ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီဖြစ်ကာ ၅ နှစ်စာချုပ်ချုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ နယူးကာဆယ်ဟာ ယခင်ကမ်းလှမ်းမှုတွေလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး အခုချိန်မှာမှသဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။

အီလန်ဂါဟာ ပြီးခဲ့တဲ့ရာသီတုန်းက အသင်းအတွက် ၁၇ ဂိုးအထိ ပါဝင်ပတ်သက်ခဲ့ပြီး ဖောရက်စ်အတွက် ပရီးမီးယားလိဂ်ပွဲတိုင်းပါဝင်ကစားခဲ့ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်တွေနဲ့အတူ နော်တင်ဟမ်ကို အဆင့် ၇ နေရာမှာ ရပ်တည်စေခဲ့သလို ကွန်းဖရန့်လိဂ်ဝင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ အီလန်ဂါရဲ့ရောင်းချမှုကနေ အမြတ်အစွန်းတစ်ခုရရှိမှာဖြစ်ပါတယ်။ အီလန်ဂါဟာ ၂၀၂၃ နွေရာသီတုန်းက ယူနိုက်တက်ထံကနေ နော်တင်ဟမ်ထံပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့အတည်ငြိမ်ဆုံးတောင်ပံကစားသမားတွေထဲကတစ်ဦးဖြစ်လာခဲ့ပါတယ်။ နယူးကာဆယ်ဟာ ဆွီဒင်သားကို ကာလရှည်စိတ်ဝင်စားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။
အက်သလက်တစ်သတင်းဌာနကတော့ နယူးကာဆယ်ဟာ ပေါင် ၄၅ သန်းနဲ့ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီးနောက် အခုနောက်ဆုံးအကြိမ်တိုးမြှင့်ကမ်းလှမ်းခဲ့တာလို့ ဆိုပါတယ်။

အသက် ၂၃ နှစ်သားဟာ လာမယ့် ၄၈ နာရီအတွင်းမှာ ဆေးစစ်မှုခံယူမှာဖြစ်ပြီး အခုအပတ်အကုန်မှာ အသင်းနဲ့ပူးပေါင်းမှာဖြစ်ပါတယ်။ ဖောရက်စ်ကတော့ ရာသီသစ်အတွက် တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်ချင်နေပြီး ရောင်းချမှုတွေကနေ ပြန်လည်ခေါ်ယူမှုတွေပြုလုပ်မှာဖြစ်ပါတယ်။