The network connection is lost.

Banner Image

တော့တင်ဟမ်နည်းပြဟောင်းကို စိတ်ဝင်စားနေတဲ့ အယ်လ်-အက်လီ

သတင်းတွေအရ တော့တင်ဟမ်နည်းပြဟောင်း ပိုစတီကိုဂလူကို ဆော်ဒီကလပ်အယ်လ်-အက်လီအသင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ပိုစတီဟာ တော့တင်ဟမ်ကနေအထုတ်ခံရပြီး ရက်အနည်းငယ်အကြာမှာတင် မြင့်မားတဲ့လုပ်ခလစာနဲ့ကမ်းလှမ်းရဖို့များနေပါတယ်။
တယ်လီဂရက်ဖ်သတင်းဌာနရဲ့ဆိုအရ ပိုစတီကို အယ်လ်-အက်လီအသင်းက နည်းပြ ဂျက်ဆီလီနေရာမှာ အစားထိုးချင်နေတယ်လို့ သိရပါတယ်။

ဂျာမန်သားဟာ ပြီးခဲ့တဲ့လတုန်းက အေအက်ဖ်စီချန်ပီယံလိဂ်ဖလားကိုရယူပေးနိုင်ခဲ့ပြီး ဥရောပမြေကိုပြန်ဖို့ ပြင်ဆင်နေပြီး လိုက်ပ်ဇစ်အသင်းက ချိတ်ဆက်နေပါတယ်။ ပိုစတီက နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေပြီး တော့တင်ဟမ်ကို ၁၇ နှစ်ကြာဆုဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲမှာအဆင့်ရပ်တည်မှုအဆိုးဝါးဆုံးဖြစ်ခဲ့ပေမယ့် ယူရိုပါလိဂ်ဖလားနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရယူပေးနိုင်ခဲ့ပါတယ်။

ပိုစတီဟာ သူကိုယ်တိုင်အသင်းတိုင်းနဲ့အတူ ဒုတိယမြောက်ရာသီမှာ ဆုဖလားရယူနိုင်လေ့ရှိပေမယ့် လှောင်ပြောင်ခံခဲ့ရပြီး အခုတော့ တကယ်လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့အတွက် အာရှဘက်က မစိမ်းသလိုဖြစ်နေပြီး ၂၀၀၅ တုန်းက ယူ - ၂၀ နိုင်ငံအသင်းကို တာဝန်ယူခဲ့သလို အဲ့မတိုင်ခင်ကလည်း Socceroos နဲ့ ဂျပန်ကလပ် ယိုကိုဟားမားအသင်းတွေကို ကိုင်တွယ်ခဲ့ပါတယ်။

အယ်လ်-အက်လီအသင်းဟာ ချန်ပီယံလိဂ်ရဖူးတဲ့လူစာရင်းကိုပိုင်ဆိုင်ထားတာဖြစ်ပြီး မာရက်ဇ် ၊ ဖာမီနို ၊ တိုနေး ၊ မန်ဒီ ၊ အလီအိုစကီးတို့အပြင် ဒီမီရယ် ၊ အိုင်ဘန်နက်ဇ် နဲ့ ပေါ်တိုတိုက်စစ်မှူး ဂါလီနိုတို့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် ပြည်တွင်းပြိုင်ပွဲမှာတော့ အဆင့် ၁ နေရာက အယ်လ်-အက်တီဟက်အသင်းနဲ့ ၁၆ မှတ်အကွာ အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ပိုစတီကို ဆော်ဒီလိဂ်အပြင် စကော့တလန်လိဂ် နဲ့ ဘရန့်ဖို့ဒ်အသင်းကလည်း ဖရန့်ခ်နေရာအတွက် အစားထိုးချင်နေပါတယ်။