The network connection is lost.

Banner Image

ယူနိုက်တက်စတားတစ်ဦးကို ရောင်းထုတ်ခဲ့လို့ အသင်းဟောင်းကိုဝေဖန်လိုက်တဲ့ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားက တပည့်ဟောင်း တိုမီနေးကို နာပိုလီအသင်းထံရောင်းချခဲ့တဲ့ အသင်းဟောင်းကို ဝေဖန်လိုက်ပါတယ်။ တိုမီနေးဟာ ၂၀၂၄ - ၂၅ ရာသီမှာ ပေါင် ၂၅ သန်းနဲ့ နာပိုလီအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယူနိုက်တက်မှာ နေရာရဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

အီတလီမြေရောက်ပြီးကတည်းက ကွန်တီလက်အောက်မှာ အသက် ၂၈ နှစ်သားက အထိုင်ကျနေပြီး ၃၁ ပွဲမှာ ၁၁ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။အခုချိန်မှာလည်း နာပိုလီနဲ့အတူ စီးရီးအေချန်ပီယံဆုရယူနိုင်ဖို့ နီးစပ်နေပါတယ်။ ယူနိုက်တက်မှာတုန်းက လက်တွဲခဲ့ဖူးတဲ့ ဆိုးလ်ရှားက စကော့တလန်သားရဲ့အရည်အချင်းကို ထောက်ပြခဲ့သလို အသင်းမှာအလုပ်အကြိုးစားဆုံးကစားသမားလို့ ပြောကြားခဲ့ပါတယ်။

“စကော့ နဲ့ ဖရက်ဒ်က အတူတူပါပဲ။ သူတို့က နေ့တိုင်း ၁၀၀% ပေးဆပ်ကစားတဲ့သူတွေပါ။ စကော့လိုကစားသမားမျိုးကို ဘယ်လိုတောင်ရောင်းချခဲ့တာလဲဗျာ"”လို့ ဆိုးလ်ရှားက ဖြေကြားခဲ့ပါတယ်။ အသက် ၂၈ နှစ်သားဟာ လာမယ့်မေလ ၁၁ ရက်နေ့ ဂျီနိုအာနဲ့ပွဲမျာ နာပိုလီအတွက် ပါဝင်လာဖွယ်ရှိနေပါတယ်။