The network connection is lost.

Banner Image

လာမယ့် ၂၀၂၇ မှာ ရီးရဲလ်ကနေထွက်ခွာနိုင်ချေများနေတဲ့ ဘရာဇီးစတား

ရီးရဲလ်အသင်းဘက်က တောင်ပံကစားသမား ဗင်နီဆီးယက်စ်ကို ဘာပေလုပ်ခနည်းတူပေးချေမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် လာမယ့် ၂၀၂၇ အလွန်မှာအသင်းကနေထွက်ခွာနိုင်ချေများနေတယ်လို့ သိရပါတယ်။ ၂ ဦး ၂ ဖက်စာချုပ်သစ်ဆွေးနွေးနေပေမယ့် အဆင်မပြေဖြစ်နေပြိး ရီးရဲလ်ဘက်က ဗင်နီတောင်းဆိုတဲ့လစာမျိုးမပေးချင်ဖြစ်နေပါတယ်။

ဗင်နီဟာ လက်ရှိရီးရဲလ်အသင်းမှာ တစ်ရာသီကိုပေါင် ၁၃ သန်းရရှိနေပေမယ့် စပိန်သတင်းဌာန မန်ဒိုကတော့ ဘရာဇီးသားဟာ စာချုပ်သစ်မှာ ဘာပေရရှိနေတဲ့လုပ်ခလစာအတိုင်းတောင်းဆိုထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ သတင်းတွေအရ ဘာပေဟာ ရီးရဲလ်အသင်းမှာ တစ်ရာသီကို ယူရို ၁၅ သန်းရရှိနေတာဖြစ်ပြီး ဘောနပ်စ်ယူရို ၈ သန်းအပါဆိုရင် ယူရို ၂၃ သန်းအထိရရှိနေတယ်လို့ သိရပါတယ်။

ရီးရဲလ်အသင်းဘက်က ဗင်နီတောင်းဆိုတဲ့လစာအတိုင်းပေးချေမှာမဟုတ်ပဲ ၅၀% လောက်နဲ့သာ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်သားရဲ့စွမ်းဆောင်ရည်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကျဆင်းလာခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၅၈ ပွဲမှာ ၂၂ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ အခုလိုလုပ်ခလစာမတိုးပေးတာကလည်း ယခင်သူ့ရဲ့စွမ်းဆောင်ရည်ကျဆင်းလာမှုနဲ့ သက်ဆိုင်နေတယ်လို့ ယူဆနေကြပါတယ်။

SER သတင်းဌာနကတော့ ရီးရဲလ်အသင်းဥက္ကဌ ပီရက်ဇ်ဟာ ဗင်နီနေရာမှာ အစားထိုးဖို့ ရှာဖွေနေပြီး ဟာလန်းကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ပီရက်ဇ်ဟာ ရီးရဲလ်တိုက်စစ်မှာ ဟာလန်းနဲ့အတူ ဘာပေကို တွဲဖက်မြင်တွေ့ချင်နေပါတယ်။