The network connection is lost.

Banner Image

လင်ဂတ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဖီယင်နုနည်းပြ ဗန်ပါစီ

မန်ချက်စတာယူနိုက်တက် အသင်း၏ ကွင်းလယ်လူဟောင်း ဂျက်ဆီလင်ဂတ်သည် နယ်သာလန်ကလပ် ဖီယင်နုအသင်းနှင့် ဆက်သွယ်မှုများ ပြုလုပ်နေကြောင်း သိရပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက တောင်ကိုရီးယား ကေလိဂ်ကလပ် ဆိုးလ်အက်ဖ်စီအသင်းနှင့် လမ်းခွဲခဲ့သည့် လင်ဂတ်သည် လက်ရှိတွင် အသင်းလက်မဲ့ ဖြစ်နေသူ ဖြစ်ပါသည်။

ဆောင်းရာသီ အပြောင်းအရွှေ့ကာလ ပြီးဆုံးသွားခဲ့သော်လည်း လင်ဂတ်သည် အေးဂျင့်မဲ့ ကစားသမားတစ်ဦး ဖြစ်နေသည့်အတွက် အသင်းသစ်သို့ ပြောင်းရွှေ့ရန် အခွင့်အလမ်း ရှိနေဆဲ ဖြစ်ပါသည်။

ဒေးလီးမေးလ် သတင်းဌာန၏ ဖော်ပြချက်အရ လင်ဂတ်ကို ခေါ်ယူရန် ဝက်စ်ဟမ်း၊ ဝုလ်ဗ်နှင့် ဂျီနိုအာ အသင်းတို့က စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရပါသည်။

သို့သော်လည်း ၎င်းအား ဥရောပ ဘောလုံးလောကသို့ ပြန်လည် ခေါ်ဆောင်ပေးနိုင်မည့် အသင်းမှာ ဖီယင်နုအသင်း ဖြစ်လာနိုင်ဖွယ် ရှိနေပါသည်။

လက်ရှိတွင် ဖီယင်နုအသင်းကို မန်ယူအသင်းဖော်ဟောင်း ဖြစ်သူ ရော်ဘင်ဗန်ပါစီက နည်းပြအဖြစ် ကိုင်တွယ်နေပြီး ၎င်းတို့နှစ်ဦး ပြန်လည်လက်တွဲနိုင်မည့် အခြေအနေကို ဗန်ပါစီကိုယ်တိုင် စိတ်ဝင်တစား လေ့လာနေခြင်း ဖြစ်ပါသည်။

လင်ဂတ်သည် နောက်ထပ် အပြောင်းအရွှေ့တစ်ခုအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် လက်ရှိတွင် တစ်ကိုယ်တော် လေ့ကျင့်ခန်းများကို ကြိုးစား လုပ်ဆောင်နေကြောင်း သိရှိရပါသည်။