The network connection is lost.

Banner Image

အာမိုရင်ချမှတ်ထားခဲ့တဲ့ စည်းကမ်းတွေကို ဖျက်သိမ်းပြီး ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို မိုက်ကယ်ကားရစ် ပြောင်းလဲသတ်မှတ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ မိုက်ကယ်ကာရစ်ဟာ ရူဘင်အာမိုရင်ဆီကနေ အသင်းကို လွှဲပြောင်းကိုင်တွယ်ပြီးနောက်မှာ လေ့ကျင့်ရေးအစီအစဉ်တွေကို ကြီးကြီးမားမား ပြောင်းလဲမှုတွေ ပြုလုပ်လိုက်ပါတယ်။

အင်္ဂလန်ကွင်းလယ်လူဟောင်း ကာရစ်ဟာ အသင်းကို စတင်တာဝန်ယူချိန်မှာပဲ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်လို အသင်းကြီးတွေကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အကောင်းဆုံး အစပျိုးနိုင်ခဲ့တာပါ။ သူဟာ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိစေဖို့ အဆင့် ၄ အတွင်း ဝင်နိုင်အောင် ရည်မှန်းချက်ထား ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

အာမိုရင် ထွက်ခွာသွားပြီးနောက်ပိုင်းမှာ ကားရစ်ဟာ အသင်းရဲ့ ကစားကွက်ပုံစံကို ပြောင်းလဲခဲ့သလို ယူနိုက်တက်လူငယ်အကယ်ဒမီထွက် ကိုဘီမိုင်နူးကိုလည်း ပွဲထွက်လူစာရင်းမှာ ပြန်လည်အသုံးပြုလာခဲ့ပါတယ်။ အခုအခါမှာတော့ အသင်းကို ပိုမိုတိုးတက်လာစေဖို့အတွက် နောက်ထပ် ပြောင်းလဲမှုတစ်ခုကို ထပ်မံပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်။

သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ကာရစ်ဟာ အာမိုရင်နဲ့ အဲရစ်တန်ဟက်တို့ လက်ထက်က ကျင့်သုံးခဲ့တဲ့ ပွဲကစားပြီးနောက်တစ်ရက်မှာ မဖြစ်မနေ လေ့ကျင့်ခန်းဆင်းရမယ်ဆိုတဲ့ စည်းကမ်းကို ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။

ယူနိုက်တက်ကစားသမားတွေဟာ ကားရစ်ရဲ့ နည်းဗျူဟာတွေအပေါ် သဘောကျကျေနပ်နေကြပြီး အခုလို စည်းကမ်းအသစ် ပြောင်းလဲလိုက်တာကိုလည်း ကြိုဆိုနေကြတာပါ။ အရင်က ပွဲကစားပြီးတာနဲ့ ချက်ချင်း လေ့ကျင့်ခန်းပြန်ဆင်းရတာဟာ ပင်ပန်းလွန်းတယ်လို့ ကစားသမားတွေက ယူဆခဲ့ကြပါတယ်။

အစီအစဉ်သစ်အရ အနားယူအပန်းဖြေမယ့်ရက်ကို ပွဲကစားပြီး နှစ်ရက်မြောက်နေ့ကို ပြောင်းရွှေ့လိုက်တာကြောင့် ကစားသမားတွေအနေနဲ့ အနားယူချိန် ပိုရလာမှာဖြစ်သလို ဒဏ်ရာရရှိမှုတွေကိုလည်း လျှော့ချပေးနိုင်မယ်လို့ ယူဆရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်မှာတော့ တော့တင်ဟမ်စအသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး လာမယ့်အင်္ဂါနေ့မှာတော့ ဝက်စ်ဟမ်းအသင်းနဲ့ သွားရောက်ရင်ဆိုင်ရမှာပါ။

ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ ကာရစ်အတွက်တော့ အခုပွဲစဉ်နှစ်ပွဲဟာ ခက်ခဲတဲ့ စမ်းသပ်မှုတွေ ဖြစ်လာဖို့ရှိပါတယ်။