The network connection is lost.

Banner Image

ကိုင်ရွန်းနီကို စာချုပ်သစ်ကမ်းလှမ်းလိုက်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်းနီရဲ့ သားဖြစ်သူ ကိုင်ရွန်နီးကို အနာဂတ်အတွက် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုဖို့ ကမ်းလှမ်းလိုက်ပြီ ဖြစ်ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ လူငယ်သင်တန်းကျောင်းက အလားအလာရှိတဲ့ လူငယ်ကစားသမား ၁၄ ဦးကို ပညာသင်ဆု စာချုပ်တွေ ကမ်းလှမ်းခဲ့ရာမှာ ကိုင်ရွန်းနီလည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့တာပါ။

အကယ်၍ ကိုင်ရွန်းနီအနေနဲ့ အဆိုပါစာချုပ်ကို လက်မှတ်ရေးထိုးခဲ့မယ်ဆိုရင် လာမယ့်နှစ် သူ အသက် ၁၇ နှစ် ပြည့်ချိန်မှာ ယူနိုက်တက်အသင်းနဲ့အတူ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦး ဖြစ်လာဖို့ လမ်းစပွင့်သွားမှာ ဖြစ်ပါတယ်။

ကမ်းလှမ်းထားတဲ့ စာချုပ်အရ ကိုင်းရွန်နီဟာ တစ်နှစ်ကို စတာလင်ပေါင် ငါးသောင်း ဝန်းကျင်အပြင် နှစ်စဉ် စာချုပ်ချုပ်ဆိုခတွေကိုပါ ရရှိမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ရွန်းနီရဲ့ မိသားစုဝင်တွေဘက်က အဆိုပါ သဘောတူညီချက်တွေကို လက်ခံဖို့ စဉ်းစားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကိုင်ရွန်းနီဟာ ကွင်းအတွင်းမှာ တိုက်စစ်မှူးနေရာ ဒါမှမဟုတ် တောင်ပံတိုက်စစ် ကစားသမားနေရာတွေမှာ ခြေစွမ်းပြ ကစားလေ့ရှိသူ ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ လက်ရှိယာယီနည်းပြ မိုက်ကယ်ကာရစ်ရဲ့ သားဖြစ်သူ ဂျေစီကာရစ်ကိုလည်း အဆိုပါ လူငယ်သင်တန်းသား စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။