The network connection is lost.

Banner Image

ယူအီးအက်ဖ်အေရဲ့အရေးယူမှုတွေနဲ့ ထပ်မံရင်ဆိုင်နေရတဲ့ အက်စတွန်ဗီလာ

အက်စတွန်ဗီလာအသင်းဟာ ယူအီးအက်ဖ်အေရဲ့ အရေးယူမှုတစ်ခုနဲ့ ထပ်မံရင်ဆိုင်နေရပါတယ်။ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို နှစ်နှစ်ဆက်တိုက် ချိုးဖောက်ခဲ့တာကြောင့် ဗီလာအသင်းအနေနဲ့ ဒဏ်ကြေးအမြောက်အမြား ပေးဆောင်ရနိုင်တယ်လို့ The Times သတင်းစာက ဖော်ပြထားပါတယ်။ အတိအကျပြောရရင်တော့ ဗီလာအသင်းဟာ အသင်းသားတွေအတွက် အသုံးပြုတဲ့ ကုန်ကျစရိတ်တွေကို သတ်မှတ်ထားတဲ့ အတိုင်းအတာထက် ကျော်လွန်သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

ကလပ်အသင်းတွေအနေနဲ့ သူတို့ရဲ့ စုစုပေါင်းဝင်ငွေထဲက ၇၀ ရာခိုင်နှုန်းထက်ပိုပြီး ကစားသမားလစာ၊ အပြောင်းအရွှေ့စရိတ်နဲ့ အေးဂျင့်ခတွေအတွက် အသုံးပြုမယ်ဆိုရင် အရေးယူခံရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း ၂၀၂၄ ခုနှစ်အတွက် သတ်မှတ်ထားတဲ့ ၈၀ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့တာကြောင့် ဘာမင်ဂမ်အခြေစိုက် ဒီကလပ်အသင်းဟာ ယူရို ၆ သန်း ဒဏ်ရိုက်ခံခဲ့ရပါသေးတယ်။ အခု နောက်ပိုင်းနှစ်တွေမှာတော့‌ ယူအီးအက်ဖ်အေက ဒီကန့်သတ်ချက်နှုန်းထားကို ပိုပြီး လျှော့ချလိုက်တာ ဖြစ်ပါတယ်။

ဗီလာအသင်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း (PSR) တွေကို လိုက်နာနိုင်မှာ ဖြစ်ပေမဲ့ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းတွေကိုတော့ လိုက်နာဖို့ ခက်ခဲလိမ့်မယ်ဆိုတာ ကြိုတင်ခန့်မှန်းနိုင်ခဲ့တယ်လို့ The Times က ဆိုပါတယ်။ ပရီးမီးယားလိဂ်စည်းမျဉ်းတွေကတော့ လိုက်နာရတာ ပိုပြီးလွယ်ကူပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီလာအသင်းဟာ သူတို့ရဲ့ အမျိုးသမီးအသင်းကို မိခင်ကုမ္ပဏီဆီ ယူရို ၆၄ သန်းနဲ့ ရောင်းချခဲ့ပြီး အဲဒီရရှိတဲ့ငွေကို အသင်းရဲ့ဝင်ငွေအဖြစ် စာရင်းသွင်းပြခွင့် ရခဲ့လို့ပါ။

ဒါပေမဲ့ ယူအီးအက်ဖ်အေကတော့ အခုလိုမျိုး အသင်းအတွင်းပိုင်းအချင်းချင်းကြား စာရင်းပြတဲ့ နည်းလမ်းတွေကို လက်မခံဘဲ အသိအမှတ်မပြုဘူးလို့လည်းသိရပါတယ်။