အာမိုရင်ရဲ့ စည်းကမ်းကို ကာရစ် ပယ်ဖျက်လိုက်ပြီးနောက် ယူနိုက်တက်ကစားသမားတွေရဲ့စိတ်ဓာတ်ပိုမိုတက်ကြွလာ
မန်ချက်စတာယူနိုက်တက် နည်းပြ မိုက်ကယ်ကာရစ်ဟာ ကလပ်ရဲ့အရင်နည်းပြ ရူဘင်အာမိုရင် ချမှတ်ထားခဲ့တဲ့ စည်းကမ်းတစ်ခုကို ပယ်ဖျက်လိုက်ပါတယ်။
အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်း မြှင့်တင်ပေးဖို့အတွက် ဘောလုံးရာသီအတွင်း ကစားသမားတွေကို အနားယူခွင့်မပေးတဲ့ စည်းကမ်းကို ရပ်ဆိုင်းဖို့ ကာရစ်က ရွေးချယ်ခဲ့တာပါ။ ဒီစည်းကမ်းဟာ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်ပွားခဲ့ပြီးနောက် အာမိုရင်က စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ Manchester Evening News ရဲ့ ဖော်ပြချက်အရ ကာရစ်က အဲဒီဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ပြီဖြစ်လို့ ယူနိုက်တက်အသင်း FA ဖလားပြိုင်ပွဲက ထွက်ခွာခဲ့ရတဲ့ ပြီးခဲ့တဲ့အပတ်မှာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ပေါ်တူဂီကို ပြန်ရောက်နေခဲ့ပါတယ်။
ဖာနန်ဒက်စ်ကို Pacos de Ferreira နဲ့ Torreense တို့ရဲ့ ပွဲစဉ်ကို သွားရောက်ကြည့်ရှုနေတာ တွေ့ခဲ့ရပါတယ်။
အသင်းဖော်ဖြစ်သူ ဆန်နီလမ်မန်းစ်ကလည်း ပြီးခဲ့တဲ့အပတ်က အခွင့်အရေးကို အသုံးချပြီး သူ့ရဲ့အသင်းဟောင်း ရွိုင်ယယ်အန့်တ်ဝပ်ဆီကို သွားရောက်လည်ပတ်ခဲ့ပါတယ်။
အခုလို အားလပ်ရက်ပေးတဲ့ စည်းကမ်းကို ပယ်ဖျက်လိုက်တဲ့ ကာရစ်ရဲ့ လုပ်ရပ်ကြောင့် ယူနိုက်တက် အဝတ်လဲခန်းအတွင်းမှာ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်း ပိုမိုမြင့်တက်လာစေတယ်လို့ သိရပါတယ်။