The network connection is lost.

Banner Image

ယူနိုက်တက်လူငယ်အသင်းကိုအားပေးဖို့ မိုင် ၁၆၀ အထိခရီးထွက်ခဲ့တဲ့ ကာရစ်

မန်ချက်စတာယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်ဟာ မနေ့ညက အောက်စဖို့ဒ်ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေလူငယ်ဖလားပွဲစဉ်မှာ အသင်းရဲ့ လူငယ်ကစားသမားတွေကို အားပေးဖို့ အောက်စဖို့ဒ်မြို့ကို ရောက်ရှိနေခဲ့ပါတယ်။

ယူနိုက်တက်လူငယ်အသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်မှာ အားပေးဖို့အတွက် ကာရစ်ဟာ အသွားအပြန် မိုင်ပေါင်း ၁၆၀ ခရီးကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ဂိုးတွေကိုတော့ ဂျေဂျေဂါဘရီရယ်၊ ချီဒိုအိုဘီ၊ အဲလ်ဘတ်မေးလ်စ်နဲ့ နိုအာအာဂျာယီတို့က သွင်းယူပေးခဲ့ပါတယ်။

ယူနိုက်တက် ယူ-၁၈ နည်းပြ ဒါရန်ဖလက်ချာက တောင်ပံကစားသမား ဂါဘရီရယ်ကို ကွင်းလယ်ဗဟိုမှာ ထည့်သွင်းကစားစေခဲ့ပြီး အသက် ၁၅ နှစ်အရွယ် လူငယ်လေးက အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တာကြောင့် သူ့ရဲ့ဆုံးဖြတ်ချက်က အရာထင်ခဲ့ပါတယ်။

နောက်တစ်ဆင့်မှာတော့ ယူနိုက်တက်ဟာ လာမယ့်အပတ်မှာ ကစားမယ့် ဆန်းဒါးလန်းနဲ့ ဘရိုက်တန်ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ကစားသွားရမှာ ဖြစ်ပါတယ်။