ဖီယင်နုပရိသတ်တွေရဲ့အားပေးမှုကို လီဗာပူးပရိသတ်တွေနဲ့ ခိုင်းနှိုင်းချီးကျူးခဲ့တဲ့ စတာလင်
ဖီယင်နုပရိသတ်တွေရဲ့စိတ်အားထက်သန်လှတဲ့အားပေးမှုတွေကြောင့် သူတို့ကို တခဏလေးအတွင်း သဘောကျသွားမိတယ်လို့ စတာလင်က ဝန်ခံပြောကြားလိုက်ပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားက ဖီယင်နုပရိသတ်တွေရဲ့အားပေးပုံကို လီဗာပူးအသင်းမှာ သူကြုံတွေ့ခဲ့ရတဲ့အခြေအနေနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။
စတာလင်က "ဖီယင်နုဆီမရောက်ခင်ကတည်းက ဒီအသင်းရဲ့ပရိသတ်တွေ အရမ်းရူးသွပ်ကြတယ်ဆိုတာ သိထားပြီးသားပါ။ သူတို့က အသင်းအတွက်ပဲ ရှင်သန်နေကြပါတယ်" လို့ ဆိုပါတယ်။
"ဒီလိုအားပေးမှုတွေက ကျွန်တော့်ကို အန်ဖီးလ်ကွင်းမှာ ကစားနေရသလိုမျိုး ပြန်ခံစားမိစေပါတယ်။ လီဗာပူးမှာလိုပဲ ဖီယင်နုရဲ့ပရိသတ်တွေက အသင်းအတွက် စိတ်ရောကိုယ်ပါမြှုပ်နှံထားကြပါတယ်" လို့ သူက ဆက်ပြောပါတယ်။
"သူတို့က အသင်းအတွက်ပဲ အရာရာကို ပုံအောထားကြတာပါ။ ပွဲတွေကို ကြည့်လိုက်ရင်လည်း အဲဒီခံစားချက်ကို မြင်နိုင်၊ ကြားနိုင်ပါတယ်။ ပွဲစဉ်အကျဉ်းချုပ်တွေကို ပြန်ကြည့်ချိန်မှာတောင် ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုနဲ့ စိတ်လှုပ်ရှားမှုတွေကို ချက်ချင်းခံစားမိပြီး ဒါဟာ ကစားသမားတွေအတွက် တကယ့်ကို အင်အားဖြစ်စေပါတယ်" လို့ စတာလင်က ပြောကြားသွားခဲ့ပါတယ်။