The network connection is lost.

Banner Image

လီဗာပူးအသင်းကစားပုံ မကောင်းမွန်ခဲ့ဘူးလို့ အတိအလင်းဝန်ခံလိုက်တဲ့ အနိုင်ဂိုးရှင်မက်အယ်လစ္စတာ

နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးအတွက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့လို့ မက်အယ်လစ္စတာ အလွန်ဝမ်းသာပီတိဖြစ်နေပါတယ်။ သူက ဒီပွဲစဉ်မှာ အနိုင်သုံးမှတ်အပြည့်ရရှိခဲ့ပေမဲ့ လီဗာပူးရဲ့အကောင်းဆုံးခြေစွမ်းမျိုး မပြသနိုင်ခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရရင် ခံစားချက်တွေ ရောထွေးနေပါတယ်" လို့ ပွဲအပြီးမှာ မက်အယ်လစ်စတာက Sky Sports ဆီ ပြောကြားခဲ့ပါတယ်။ "ဂိုးသွင်းရတာနဲ့ အနိုင်ရတာကိုလည်း ကျွန်တော်ကြိုက်ပါတယ်။ ဒါကြောင့် ဒီနေ့က တကယ့်ကိုကောင်းမွန်တဲ့နေ့ရက်တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာလည်း ကျွန်တော်တို့တွေ အကောင်းဆုံးမကစားနိုင်ခဲ့ဘူးလို့ ထင်ပါတယ်။ တိုးတက်ဖို့ လိုအပ်တဲ့အရာတွေ အများကြီးရှိနေပေမဲ့ အနိုင်ရချိန်မှာတော့ ပိုပြီးပျော်စရာကောင်းတာပေါ့။"

"ဒီသီတင်းပတ်ထဲမှာ ကျွန်တော်တို့ အသေအချာပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ ပထမပိုင်းကတော့ လုံးဝမကောင်းခဲ့ပါဘူး။ ကစားကွက်နေရာယူပုံ၊ ကစားအားပြင်းထန်မှုနဲ့ ဖိအားပေးပုံတွေမှအစ ဘာတစ်ခုမှ မကောင်းခဲ့ပါဘူး။ အင်း.. ကန်ချက်တချို့ကို ပိတ်ဆို့နိုင်ခဲ့တဲ့လို့ ဂိုးဧရိယာအတွင်း ခံစစ်ကစားပုံကတော့ ကောင်းတယ်လို့ ပြောလို့ရနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ သိပ်မကောင်းခဲ့သလို ကျွန်တော်တို့ရဲ့ စံနှုန်းတွေနဲ့လည်း ကိုက်ညီမှုမရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာလည်း အရမ်းကြီးကောင်းလာတယ်လို့တော့ မပြောနိုင်ပေမဲ့ အနည်းငယ်တော့ ပိုကောင်းလာခဲ့ပါတယ်။ အခွင့်အရေးတချို့ရခဲ့သလို အရေးအကြီးဆုံးကတော့ ပွဲကို အနိုင်ရရှိခဲ့တာပါပဲ" လို့ မက်အယ်လစ္စတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။