The network connection is lost.

Banner Image

လီဗာပူးကွင်းလယ်လူ မက်အယ်လစ္စတာကိုခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဗာပူးအသင်းရဲ့ ကွင်းလယ်လူ အလက်ဆစ် မက်အယ်လစ္စတာကို စိတ်ဝင်စားနေပါတယ်။

လာမယ့်နွေရာသီမှာ အာဂျင်တီးနားလက်ရွေးစင်ကစားသမားကို အိုးထရပ်ဖို့ဒ်ဆီ ခေါ်ယူနိုင်ဖို့ မန်ယူက နည်းလမ်းရှာနေတယ်လို့ Daily Express သတင်းစာက ဖော်ပြထားပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်အယ်လစ္စတာဟာ လီဗာပူးအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ သူ့ရဲ့အနာဂတ်အတွက် ရွေးချယ်စရာတွေကို စဉ်းစားနေပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူ အေးဂျင့် ကားလို့စ် မက်အယ်လစ္စတာကလည်း ပြီးခဲ့တဲ့အပတ်ကမှ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ လမ်းစဖွင့်ထားတဲ့ စကားမျိုး ပြောကြားခဲ့ပါသေးတယ်။

အသင်းရဲ့ ကွင်းလယ်ပိုင်းကို အသစ်ပြန်လည်တည်ဆောက်ဖို့ စီစဉ်နေတဲ့ မန်ယူကလည်း သူ့ကို စိတ်ဝင်စားနေတာဖြစ်ပေမဲ့ မက်အယ်လစ္စတာအနေနဲ့ မန်ချက်စတာကို ပြောင်းရွှေ့ဖို့ဆိုရင် မာဆေးဆိုဒ်ဒေသက ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ကန့်ကွက်ဖိအားပေးမှုတွေကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

၁၉၆၄ ခုနှစ်မှာ ဖေးလ်ချစ်စနယ်လ် ယူနိုက်တက်ကနေ လီဗာပူးကို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း အခုအချိန်အထိ ဘယ်ကစားသမားမှ အသင်းနှစ်သင်းကြား တိုက်ရိုက်ပြောင်းရွှေ့တာမျိုး မရှိခဲ့ပါဘူး။

ဒါပေမဲ့ ယူနိုက်တက်အသင်းကသာ အဆင့် ၄ အတွင်းဝင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပြီး လီဗာပူးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့မယ်ဆိုရင်တော့ မက်အယ်လစ္စတာကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အတွက် အခွင့်အရေး ပိုသာလာနိုင်မှာဖြစ်ပါတယ်။