The network connection is lost.

Banner Image

ဟေးလ်ဒစ်ကင်ဆန်ကွင်းနိုင်ပွဲနဲ့အတူ TOP 4 စာရင်းဆီ ဝင်ရောက်လာတဲ့ ယူနိုက်တက်

အဲဗာတန် ဝ-၁ မန်ချက်စတာယူနိုက်တက် (ပွဲပြီးရလဒ်)

မာဆေးဆိုဒ်ဒေသမှာကစားခဲ့တဲ့အခုပွဲစဉ်အတွင်း အိမ်ရှင်အဲဗာတန်ရော၊ ဧည့်သည်ယူနိုက်တက်ပါ ရေကုန်ရေခမ်းယှဉ်ပြိုင်ကစားခဲ့ကြလို့ အကြိတ်အနယ်ရှိတဲ့ပွဲစဉ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ သရဲနီတွေအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ လူစားဝင်ကစားသမားဆက်စ်ကိုက ဒုတိယပိုင်းပွဲချိန်မှာ သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အဲဗာတန်ရဲ့ပြိုင်ပွဲစုံအိမ်ကွင်းနောက်ဆုံးခုနစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုမှတ်တမ်း ဖြစ်ပေါ်လာခဲ့သလို မိုက်ကယ်ကာရစ်ဦးဆောင်တဲ့ သရဲနီတွေကတော့ အဖိုးတန်အဝေးကွင်းနိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားစတုတ္ထနေရာဆီ တက်လှမ်းသွားခဲ့ပါတယ်။