The network connection is lost.

Banner Image

အက်စတွန်ဗီလာမှာ ဘောလုံးကစားရတာကို ပျော်ရွှင်နေတယ်လို့ ဆန်ချို ဝန်ခံပြောကြား

ဂျေဒန်ဆန်ချိုက သူဟာ အက်စတွန်ဗီလာအသင်းမှာ ဘောလုံးကစားရတာကို ပျော်ရွှင်နေတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ အင်္ဂလန်တောင်ပံကစားသမားရဲ့ အငှားစာချုပ်ဟာ ဒီရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဗီလာအသင်းဘက်ကလည်း ဆန်ချိုကို အသင်းမှာ ဆက်ရှိနေစေဖို့ လိုလားနေသလို ဆန်ချိုကိုယ်တိုင်ကလည်း ဒီရာသီမှာ အသင်းရဲ့ အောင်မြင်မှုတွေအတွက် တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခွင့်ရနေတာကို ပျော်ရွှင်တယ်လို့ ဆိုပါတယ်။

ဗီလာပါ့ခ်ကွင်းမှာ ကစားခဲ့တဲ့ လိဒ်ယူနိုက်တက်နဲ့ ၁-၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မတိုင်ခင်မှာ ဆန်ချိုက “ပရီးမီးယားလိဂ်မှာ အဆင့် ၃ နေရာမှာ ရောက်နေတာဟာ ဆိုးတဲ့အနေအထား မဟုတ်ပါဘူး။

အစပိုင်းကနေ အခုအချိန်အထိ အသင်းရဲ့ ပြောင်းလဲတိုးတက်လာတဲ့ အနေအထားဟာ တကယ့်ကို အံ့ဩစရာကောင်းတဲ့ အလုပ်တစ်ခုကို လုပ်ပြနိုင်ခဲ့တာလို့ ကျွန်တော် ထင်ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အလုပ်က မပြီးဆုံးသေးပါဘူး။ ပွဲတိုင်းမှာ ဒီလိုပုံစံအတိုင်း ဆက်ပြီး ကြိုးစားသွားရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။