The network connection is lost.

Banner Image

လီဗာပူးနောက်ခံလူ ရော်ဘတ်ဆင်ကို အက်စတွန်ဗီလာ မျက်စိကျနေ

အက်စတွန်ဗီလာအသင်းဟာ လီဗာပူးအသင်းရဲ့ ဝါရင့်ကစားသမား အန်ဒရူးရော်ဘတ်ဆင်ရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။

ဒီဘယ်နောက်ခံလူဟာ အခုရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ရော်ဘတ်ဆင်ဟာ နွေရာသီမှာ အသင်းကနေ ထွက်ခွာလိမ့်မယ်လို့ ခန့်မှန်းရပြီး ဗီလာအသင်းကတော့ သူ့ကို အသင်းဆီ ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။

Birmingham Mail သတင်းစာရဲ့ ဖော်ပြချက်အရ ရော်ဘတ်ဆင်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အသင်းတွေထဲမှာ ဗီလာလည်း ပါဝင်နေပြီး သူ့ကို အင်္ဂလန်ကလပ်တွေအပြင် ပြည်ပကလပ်တွေကလည်း စိတ်ဝင်စားနေကြပါတယ်။

ဇန်နဝါရီလတုန်းကတော့ တော့တင်ဟမ်အသင်းက သူ့ကို ခေါ်ယူဖို့ အလေးအနက် ကြိုးပမ်းခဲ့ဖူးပေမဲ့ လီဗာပူးနည်းပြ အာနယ်ဆလော့ကတော့ သူ့နေရာမှာ အစားထိုးဖို့ သင့်တော်တဲ့ ကစားသမား မရှိသေးတာကြောင့် ဒီအပြောင်းအရွှေ့ကို ခွင့်မပြုဘဲ ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။