The network connection is lost.

Banner Image

မက်အယ်လစ္စတာဆီမှ သင်ခန်းစာတွေ အန်ဂူမိုဟာ ရယူနိုင်တယ်လို့ ဆိုလိုက်တဲ့ အန်းစလော့

လီဗာပူးနည်းပြအန်းစလော့ဟာ နော်တင်ဟမ်ဖောရက်စ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့တနင်္ဂနွေနေ့ပွဲစဉ်အတွင်း အန်ဂူမိုဟာရဲ့စွမ်းဆောင်ရည်ပိုင်းကို ကျေနပ်အားရနေပါတယ်။

အဲ့ဒီပွဲစဉ်မှာ အနိုင်ဂိုးရရှိဖို့ ကြိုးစားနေတဲ့ အန်းစလော့ဟာ မိုဆာလက်ရဲ့နေရာမှာ အန်ဂူမိုဟာကို မိနစ် ၂၀ ခန့် လူစားလဲဝင်ကစားစေခဲ့ပါတယ်။

ပွဲစဉ်အပြီး လီဗာပူးနည်းပြက "သူ့မှာ အံ့ဩစရာကောင်းလောက်အောင် အလားအလာတွေ ရှိနေပါတယ်။ ဒါကြောင့်လည်း အသက် ၁၇ နှစ်အရွယ်နဲ့ လီဗာပူးလိုအသင်းကြီးမှာတင်မကဘဲ ပရီးမီးယားလိဂ်မှာပါ အခုလို မိနစ်အတော်များများ ကစားခွင့်ရနေတာပါ။ ဒီရာသီ၊ ပရီးမီးယားလိဂ်မှာ သူ့လောက် မိနစ်အများကြီး ကစားထားရတဲ့ အခြားအသက် ၁၇ နှစ်အရွယ်ကစားသမားရှိမယ်လို့ ကျွန်တော်မထင်ပါဘူး။

အသက် ၁၈ နှစ် သို့မဟုတ် ၁၉ နှစ်အရွယ်တွေထဲမှာတောင် သူ့လောက် ကစားထားရတဲ့သူ ရှိ၊ မရှိ ကျွန်တော်သေချာမသိပေမဲ့ ဒါကိုကြည့်ခြင်းအားဖြင့် သူ ဘယ်လောက်အထိပါရမီရှိတယ်ဆိုတာ သိနိုင်ပါတယ်။ သူ တဖြည်းဖြည်းနဲ့ ပိုပြီးတိုးတက်လာသလို ဒါကြောင့်လည်း နောက်ပိုင်းပွဲတွေမှာ သူ့ကို ပိုပြီးမြင်တွေ့လာရတာပါ။

အခု ပိုပြီးတော့လည်း အန်ဂူမိုဟာ သန်မာလာပါတယ်။ တစ်ဦးချင်းယှဉ်ပြိုင်ကစားရတဲ့အချိန်တွေမှာတင်မကဘဲ တခြားအခြေအနေတစ်ခု၊ နှစ်ခုမှာလည်း သူက ပြိုင်ဘက်ကို ကောင်းကောင်းယှဉ်နိုင်တယ်ဆိုတာ ပြသခဲ့ပါတယ်။ အသက် ၂၅ နှစ်မှ အသက် ၂၈ နှစ်အကြားရှိတဲ့ကစားသမားတွေနဲ့ ရင်ဆိုင်နေရလို့ ဒါက တကယ်ကိုလိုအပ်တဲ့ အချက်ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းက လူငယ်တွေများပေမဲ့ တခြားအသင်းတွေမှာတော့ အရွယ်စုံ၊ ခန္ဓာကိုယ်တည်ဆောက်ပုံစုံလင်တဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားပါတယ်။

အသက် ၁၇ နှစ်အရွယ်နဲ့ ဒီလိုစွမ်းဆောင်ရည်တွေကို ပြသနိုင်မှုက သူ့ရဲ့ ပါရမီကို သက်သေပြနေတာပါ။ ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း ပါရမီဆိုတာက ကစားသမားဘဝအစပြုခြင်း သက်သက်ပါပဲ။ ဒီနေ့ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ မက်အယ်လစ္စတာ(မက်ကာ)ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာလိုမျိုး တခြားအရာတွေ အများကြီးလည်း လိုအပ်ပါသေးတယ်။ ဒီလိုအဆင့်အတန်းမှာ ကစားသမားဘဝအောင်မြင်ဖို့ဆိုရင် အဲဒီလိုစိတ်ဓာတ်မျိုးရှိဖို့ လိုအပ်ပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။