The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုတွေ မြင့်တက်လာနေတာကြောင့် ဒိုမီနစ် ဆိုဘိုဆလိုင်းကို စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ကာလ မတိုင်ခင်မှာ ဒိုမီနစ် ဆိုဘိုဆလိုင်းကို စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟန်ဂေရီလက်ရွေးစင်ကစားသမားဟာ ၂၀၂၃ ခုနှစ်မှာ လီဗာပူးဆီကို ရောက်ရှိလာခဲ့ပြီး ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့တာပါ။ အခုဆိုရင် အဲဒီစာချုပ်သက်တမ်းက ၂ နှစ်ပဲ ကျန်တော့တာကြောင့် ဥရောပက ထိပ်တန်းအသင်းတွေက သူ့ကို စောင့်ကြည့်လာကြတာ ဖြစ်ပါတယ်။

အထူးသဖြင့် ဟန်ဂေရီအသင်းနည်းပြ မာကိုရော့စ်ဆီရဲ့ မှတ်ချက်စကားတွေကြောင့် ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ အပြောင်းအရွှေ့သတင်းတွေက ပိုပြီးကျယ်လောင်လာခဲ့ပါတယ်။ ရော့စ်ဆီက ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခွင့်ရဖို့ဆိုတာ ဆိုဘိုဆလိုင်းရဲ့ "အိပ်မက်" တစ်ခု ဖြစ်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

"သူ လီဗာပူးမှာပဲ ဆက်ရှိနေပြီး စာချုပ်သစ်ချုပ်မယ့် ဖြစ်နိုင်ခြေကိုလည်း ကျွန်တော် လုံးဝပယ်မထားပါဘူး။ အထူးသဖြင့် သူဟာ ကလပ်အသင်းအတွင်းမှာ အရမ်းကို တန်ဖိုးထားခံရတဲ့ ကစားသမားတစ်ယောက် ဖြစ်နေလို့ပါ" လို့ ရော့စ်ဆီက ဆက်လက်ပြောကြားခဲ့ပါတယ်။

အခုအခါမှာတော့ Shoot ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းဟာ ဒီကွင်းလယ်လူကို အရခေါ်ယူချင်နေတဲ့ လာလီဂါအင်အားကြီးကလပ်ရဲ့ စိတ်ဝင်စားမှုတွေကို ဖြတ်တောက်ဖို့အတွက် ဆိုဘိုစလိုင်းကို စာချုပ်သစ်နဲ့ အမြန်ဆုံး ချုပ်နှောင်ထားဖို့ စီစဉ်နေပါတယ်။

ဆိုဘိုဆလိုင်းဟာ ဒီရာသီမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲ ပါဝင်ကစားပေးထားပြီး ၁၀ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားပါတယ်။ သူဟာ နည်းပြ အာနယ်ဆလော့ရဲ့ လက်အောက်မှာ အသင်းရဲ့ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေတာကြောင့် သူ့ကို လက်လွှတ်ရမှာကို နည်းပြဖြစ်သူအနေနဲ့ လက်ခံဖို့မရှိပါဘူး။

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဗီနီစီးယက်စ်ကလည်း သူဟာ ဆိုဘိုဆလိုင်းနဲ့ အမြဲတမ်း အဆက်အသွယ်ရှိကြောင်း YouTube မှတ်တမ်းတင် ဗီဒီယိုတစ်ခုမှာ မကြာသေးခင်က ပြောကြားခဲ့ပါတယ်။ ဒါဟာ စာချုပ်သစ်အတွက် သဘောတူညီမှု မရမချင်း ငြိမ်သက်သွားမှာမဟုတ်တဲ့ အပြောင်းအရွှေ့သတင်းတွေကို ပိုပြီးမီးလောင်ရာလေပင့် ဖြစ်စေခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ထရန့် အလက်ဇန္ဒား အာနိုးကို မက်ဒရစ်ဆီ လက်လွှတ်ခဲ့ရတာကြောင့် စပိန်ကလပ်အသင်းအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ ဆိုဘိုဆလိုင်းကို ခေါ်ယူဖို့ကလည်း အလားတူပဲ လွယ်ကူလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။