The network connection is lost.

Banner Image

မူနို့ဇ်နဲ့ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်အနေနဲ့ အိုဆာဆူနာကိုလှည့်စားမှာမဟုတ်ဘူးလို့ဆိုလာတဲ့ ဗက်ဇ်ကွက်ဇ်

အိုဆာဆူနာအသင်းရဲ့ အကြီးအကဲဖြစ်သူ ဘရာလီယို ဗက်ဇ်ကွက်ဇ်ကတော့ ဗစ်တာ မူနို့ဇ်ရဲ့ စာချုပ်ထဲမှာပါရှိတဲ့ ပြန်လည်ဝယ်ယူခွင့်ကို ရီးရဲလ်မက်ဒရစ်အသင်းဘက်က အသုံးပြုလာလိမ့်မယ်လို့ မမျှော်လင့်ထားကြောင်း ပြောကြားလိုက်ပါတယ်။

ဒီလူငယ်တိုက်စစ်မှူးဟာ အခုရာသီမှာ အိုဆာဆူနာအတွက် အထူးခြေစွမ်းပြသနေသူဖြစ်ပြီး သူ့ရဲ့ကလပ်ဟောင်း ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနွေရာသီမှာ သူ့ကို ပြန်လည်ခေါ်ယူနိုင်ခွင့်ရှိတဲ့ စာချုပ်ပါ အချက်အလက်တစ်ရပ်ကို ပိုင်ဆိုင်ထားတာပါ။

ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်အနေနဲ့ မူနို့ဇ်ကို အမြတ်ထုတ်ပြီး ပြန်လည်ရောင်းချဖို့အတွက်ပဲ ပြန်ဝယ်တာမျိုး လုပ်မှာမဟုတ်ဘူးလို့ ဗက်ဇ်ကွက်ဇ်က ယုံကြည်နေပါတယ်။

၎င်းက “ရီးရဲလ်မက်ဒရစ်ဆိုတာ အဆင့်အတန်းရှိတဲ့ ကလပ်အသင်းတစ်သင်းဖြစ်လို့ ကစားသမားကို ပြန်ရောင်းဖို့အတွက်နဲ့တော့ ဝယ်မှာမဟုတ်ပါဘူး။ သူတို့မှာ နှစ်အတော်ကြာအောင် ပြန်ဝယ်ယူခွင့် ရှိနေတာဖြစ်ပြီး တကယ်လို့သာ သူတို့ ဒီအခွင့်အရေးကို အသုံးပြုခဲ့မယ်ဆိုရင် ဒါဟာ စီနီယာအသင်းအတွက်ပဲ ဖြစ်မှာပါ၊ ရီးရဲလ်က တကယ့်ကို ဂုဏ်သိက္ခာရှိတဲ့ အသင်းပါ” လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ ဒီကစားသမားရဲ့ ပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းကို ရရှိထားတာဖြစ်ပြီး ဒါဟာ ကိုမိုအသင်းက နီကိုပက်ဇ်နဲ့ ချုပ်ထားတဲ့ မက်ဒရစ်ရဲ့ သဘောတူညီချက်မျိုးပါပဲ။ တကယ်လို့ မက်ဒရစ်က သူ့ကို ပြန်ဝယ်ခဲ့ရင် ၁၆ ပတ်အတွင်း တခြားအသင်းကို လွှဲပြောင်းပေးလို့ မရပါဘူး။ သူတို့တွေဟာ အဲဒီလို လှည့်ကွက်မျိုး လုပ်မှာမဟုတ်သလို၊ ကစားသမားအပေါ်မှာ အမြတ်ထုတ်ဖို့လည်း ကြိုးစားမှာမဟုတ်ပါဘူး” လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မူနို့ဇ်ဟာ မကြာသေးခင်ကမှ ကမ်းလှမ်းမှုတချို့ ရရှိခဲ့ပေမဲ့ သူကိုယ်တိုင်က အသင်းကနေ မထွက်ခွာချင်ခဲ့ဘူးလို့လည်း သိရပါတယ်။