The network connection is lost.

Banner Image

ဘိုဒိုဂလင့်ကို ရှုံးနိမ့်ခဲ့တာအတွက် ဆင်ခြေပေးစရာမရှိဘူးလို့ အင်တာမီလန်နည်းပြ ချီဗူး ပြောကြား

အင်္ဂါနေ့ညက ကစားခဲ့တဲ့ပွဲစဉ်မှာ ဘိုဒိုဂလင်အသင်းရဲ့ အသာစီးရယူ ကစားသွားနိုင်မှုကို အင်တာမီလန်နည်းပြ ခရစ်တီယန်ချီဗူးက ဝန်ခံပြောကြားလိုက်ပါတယ်။

လူသိနည်းတဲ့ နော်ဝေကလပ်အသင်းဟာ အင်တာမီလန်အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၅-၂ ဂိုးနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာပါ။

ပွဲအပြီးမှာတော့ ချီဗူးက "ချန်ပီယံလိဂ်ဆိုတာ ယှဉ်ပြိုင်မှု အရမ်းပြင်းထန်တဲ့ ပြိုင်ပွဲတစ်ခုပါ။ ဒီအဆင့်အထိ ရောက်လာတဲ့ အသင်းတိုင်းမှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိကြပါတယ်။ သူတို့ဟာ ဒေါ့မွန်၊ အက်သလက်တီကို၊ မန်စီးတီးတို့နဲ့ပွဲတွေမှာရော အခု ကျွန်တော်တို့နဲ့ ပွဲမှာပါ အဲဒီအရည်အချင်းကို ပြသခဲ့ပြီးပါပြီ" လို့ ဆိုပါတယ်။

ဆက်လက်ပြီး ၎င်းက "သူတို့က ပွဲတွေသိပ်မကစားရသေးတဲ့ အားသာချက်ကို အသုံးချပြီး သုံးရက်တစ်ပွဲ ကစားနေရတဲ့သူတွေထက် အားအင်ပိုပြည့်နေကြတာပါ။ ဒါပေမဲ့ ဒါဟာ ဆင်ခြေပေးစရာ အကြောင်းပြချက်တော့ မဟုတ်ပါဘူး။ နော်ဝေကွင်းမှာ ကစားခဲ့တုန်းကလည်း ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်သလို ဒီညမှာလည်း ကျွန်တော်တို့ ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာခဲ့ပါဘူး။ ဒါပေမဲ့ ဒါဟာ ဘောလုံးလောကရဲ့ သဘာဝပါပဲ" လို့ ပြောပါတယ်။

"ဒီရလဒ်ကို ကျွန်တော်တို့ လက်ခံရပါမယ်။ သူတို့က ကျွန်တော်တို့ကို နှစ်ပွဲစလုံး အနိုင်ယူသွားတာဖြစ်လို့ သူတို့က ပိုကောင်းခဲ့တယ်ဆိုတာကို အသိအမှတ်ပြုပေးရမှာပါ။ ကျွန်တော့်ကစားသမားတွေ အစွမ်းကုန် ကြိုးစားခဲ့ကြပေမဲ့ အသာစီးရအောင် မလုပ်နိုင်ခဲ့သလို ပြိုင်ဘက်ကိုလည်း စိတ်ပိုင်းဆိုင်ရာအရ ဖိအားမပေးနိုင်ခဲ့ပါဘူး" လို့ ချီဗူးက သုံးသပ်ပြောကြားခဲ့ပါတယ်။