The network connection is lost.

Banner Image

ဘင်ဖီကာနဲ့ပွဲအတွက် ရီးရဲလ်မက်ဒရစ်အသင်းလူစာရင်းမှာ ခီလီယမ် အမ်ဘာပေ မပါဝင်

ကြာသပတေးနေ့နံနက်မှာ ကစားမယ့် ဘင်ဖီကာနဲ့ပွဲစဉ်အတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လူစာရင်းမှာ ခီလီယမ် အမ်ဘာပေ ပါဝင်လာခြင်း မရှိပါဘူး။

ရီးရဲလ်ဟာ ပထမအကျော့က ၁-ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိထားတဲ့ အားသာချက်ကို ထိန်းသိမ်းပြီး ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။

Marca ရဲ့ ဖော်ပြချက်အရ ခီလီယမ် အမ်ဘာပေဟာ သူ့ရဲ့ ဘယ်ဘက်ဒူးဒဏ်ရာ ပြဿနာကြောင့် အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ပြင်သစ်တိုက်စစ်မှူးဟာ အချိန်အတော်ကြာ အနားယူရမယ့်ပုံစံမျိုး ရှိနေပါတယ်။

ခီလီယမ် အမ်ဘာပေဟာ သူ့ရဲ့ ဘယ်ဘက်ဒူးဒဏ်ရာပြဿနာတွေကို အပြီးတိုင် အဖြေရှာမကုသနိုင်ခင်အထိ ဆက်မကစားတော့ဖို့ ဆုံးဖြတ်ထားတာဖြစ်ပြီး၊ အကယ်၍ အသင်းနောက်တစ်ဆင့်တက်ခဲ့ရင် မတ်လ ဒုတိယပတ်မှာ ကစားမယ့် ချန်ပီယံလိဂ် နောက်တစ်ဆင့် ပွဲစဉ်တွေမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်ကစားနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဒီရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟာ သူ့ရဲ့ ဒဏ်ရာအခြေအနေအပေါ် ကိုင်တွယ်ဖြေရှင်းပေးခဲ့တဲ့ ပုံစံကိုလည်း အပြည့်အဝ အားရကျေနပ်မှု မရှိပါဘူး။ ဒါကြောင့် အခုလို အနားယူဖို့ ဆုံးဖြတ်ချက်ဟာ သူ့ရဲ့ဒဏ်ရာပြဿနာတွေကို အမြစ်ပြတ်ကုသဖို့နဲ့ ရာသီရဲ့ အဆုံးအဖြတ် အရေးကြီးတဲ့ အချိန်တွေမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ဖို့အတွက် ဖြစ်ပါတယ်။