
စပို့တင်းဘက်က တန်ကြေးမြှင့်ခဲ့တာကြောင့် ယိုကရက်စ်ကို လက်လျှော့ဖို့ပြင်လာတဲ့ အာဆင်နယ်
သတင်းတွေအရ အာဆင်နယ်ဟာ စပို့တင်းဘက်က တန်ကြေးမြှင့်လိုက်တာကြောင့် ယိုကရက်စ်ကိုခေါ်ယူဖို့ လက်လျှော့ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အာဆင်နယ် နဲ့ ယူနိုက်တက်တို့ဟာ အခုနွေရာသီမှာ ယိုကရက်စ်ကိုခေါ်ယူဖို့ ချိတ်ဆက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက စပို့တင်းစတားဟာ ၅၂ ပွဲမှာ ၆၇ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။
၂ သင်းအပြိုင်စိတ်ဝင်စားနေတာကြောင့် စပို့တင်းဘက်က တန်ကြေးမြင့်မြင့်လိုချင်နေပါတယ်။ ဒါပေမယ့်လည်း ကစားသမားဘက်က ယူနိုက်တက်ကိုပြောင်းမှာမဟုတ်ဘူးလို့ ပြောကြားလိုက်တာကြောင့် တန်ကြေးမြှင့်တင်လိုက်တဲ့အနေအထားမှာ အာဆင်နယ်ဘက်ကလည်း လက်လျှော့ဖွယ်ရှိနေပါတယ်။ အာဆင်နယ်ဟာ ယိုကရက်စ်ကို ပေါင်သန်း ၆၀ လောက်သာပေးချင်နေပြီး စပို့တင်းဘက်က အဆိုပါပမာဏဟာ နည်းပါးလွန်းနေတယ်လို့ ထင်မြင်နေပါတယ်။
ပေါ်တူဂီသတင်းဌာန Record ကတော့ အာဆင်နယ်ဟာ စပို့တင်းဘက်က ဈေးမလျော့ဘူးဆိုရင် ယိုကရက်စ်အစား အခြားပစ်မှတ်တွေကိုသာ ခေါ်ယူမယ်လို့ ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်ဘက်က စပို့တင်းအနေနဲ့ ဈေးများများလိုချင်နေတာကြောင့် အခြားဈေးသက်သာတဲ့ ဆက်စ်ကို နဲ့ ဝက်တ်ကင်းတို့ကိုခေါ်ယူဖွယ်ရှိနေပါတယ်။
အာဆင်နယ်ဟာ နွေရာသီရဲ့ထိပ်တန်းပစ်မှတ်အဖြစ် ယိုကရက်စ်ကို သတ်မှတ်ထားဆဲဖြစ်သလို ကစားသမားဘက်ကလည်း အာဆင်နယ်ထံပြောင်းချင်နေပါတယ်။ ဒါပေမယ့် ပြောင်းရွှေ့ကြေးအဆင်မပြေခဲ့ရင်တော့ အာဆင်နယ်အနေနဲ့ လက်လျှော့ဖို့များနေပါတယ်။