The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ပိုကောင်းတဲ့အရှုံးသမား ဖြစ်ခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ အီလီယော့

လီဗာပူးတိုက်စစ်မှူးအီလီယော့က ချဲလ်ဆီးနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ပုံစံနဲ့အတူ ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ကွင်းပွဲစဉ်မှာ အပြာရောင်ခြင်္သေ့တွေက ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးကို ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့် အီလီယော့ကတော့ ဧည့်သည်တွေဟာ ပိုကောင်းတဲ့အသင်းအဖြစ် ပွဲစဉ်ကို အဆုံးသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် အီလီယော့က “ ပထမပိုင်းပွဲချိန်အတွင်းမှာ အတော်လေးအခက်တွေ့ခဲ့တယ်လို့ ထင်ပါတယ်။ နေရာလွတ်တွေ ရှာဖွေဖို့၊ အခွင့်အရေးတွေ ဖန်တီးဖို့ ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့အသင်းအတွက်လည်း တန်ပြန်တိုက်စစ်အခွင့်အရေးအချို့ရရှိခဲ့ပေမယ့် မကြာခဏဆိုသလို စိတ်ပျက်စရာပုံစံမျိုးနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ အကောင်းဆုံးတုံ့ပြန်လာပြီး ကြီးမားတဲ့အပြောင်းအလဲတစ်ခုလည်း ရှိခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့အရှိန်အဟုန်ကို မြှင့်တင်နိုင်ခဲ့ပြီး ကျွန်တော်ကိုယ်တိုင်လည်း အခွင့်အရေးရရှိလာတယ်လို့ ခံစားမိခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းတစ်ပိုင်းလုံးအတွက်ဆိုရင် ကျွန်တော်တို့အသင်းက ပြိုင်ဘက်ထက် ပိုကောင်းခဲ့တယ်လို့ ထင်ပါတယ်။ အသင်းခေါင်းဆောင်က ၂-၁ ဂိုးဆိုတဲ့ရလဒ်ဖြစ်လာအောင် ဗွေဆော်ဦးချေပဂိုးသွင်းယူပေမယ့် နည်းနည်းလေးနောက်ကျသွားပြီလို့ တွေးမိခဲ့ပါတယ်။

ဒါပေမယ့် ဒီရလဒ်ပိုင်းကပဲ ကျွန်တော်တို့တွေ အခုသီတင်းပတ်တစ်ခုလုံး တုံ့ပြန်သွားနိုင်အောင် လုပ်သွားရမယ့် ကိစ္စဖြစ်လာပါပြီ။ လာမယ့်တနင်္ဂနွေနေ့မှာလည်း အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့် ကြီးမားတဲ့စမ်းသပ်မှုတစ်ခု စောင့်ကြိုနေပြီး အမှန်ကန်ဆုံးဖြစ်လာအောင် လုပ်သွားရပါမယ်။ ကျွန်တော်တို့ လုပ်နိုင်မယ်လို့လည်း မျှော်လင့်ထားကြတာပေါ့”လို့ ပြောပါတယ်။

ဆက်လက်ပြီး အီလီယော့က “ အခုအချိန်မှာ ကျွန်တော်တို့အားလုံး သက်သောင့်သက်သာဖြစ်နေပြီလို့ ထင်ပါတယ်။ ရာသီတလျှောက်လုံးလည်း ပြင်းပြင်းထန်ထန်ဖိဖိစီးစီးကြိုးစားခဲ့ကြတာလေ။ အခုအချိန်မှာတော့ အောင်မြင်မှုတစ်ခုခုကိုရယူဖို့ ကျွန်တော်တို့ လုပ်ဆောင်ခဲ့ပြီးပါပြီ။ ဒါက သက်သာရာရစေတယ်လို့ ကျွန်တော် ပြောချင်ပေမယ့် တချိန်တည်းမှာပဲ လက်ကျန်သုံးပွဲကစားဖို့ ကျန်နေပါသေးတယ်။ 

ဒါကြောင့် ဒီပွဲစဉ်တွေကို သေသေချာချာယှဉ်ပြိုင်ကစားသွားဖို့ လိုအပ်ပါတယ်။ကျွန်တော်တို့အသင်းအတွက်သာမက ကျွန်တော်တို့ ဘာကြောင့်ချန်ပီယံဖြစ်လာသလဲဆိုတာကို ပြသဖို့ ထိပ်တန်းစွမ်းဆောင်ရည်တွေ ချပြသွားနိုင်ရပါမယ်။ လာမယ့်သီတင်းပတ်မှာ ဒါမျိုးလုပ်ပြဖို့ လိုအပ်နေပါပြီ”လို့ ပြောပါတယ်။