The network connection is lost.

Banner Image

ဘာစီလိုနာနဲ့စာချုပ်သစ်ချုပ်ဆိုသွားမယ်လို့ ဒီဂျောင်အတည်ပြု

သောကြာနေ့ကယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ကိုရီးယာကလပ် အက်ဖ်စီဆိုးလ်အသင်းကို ဂိုးပြတ်အနိုင်ရပြီးနောက် ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဖရန်ကီဒီဂျောင်က အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုသွားမယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။  နယ်သာလန်လက်ရွေးစင်ဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ၁၂ လသာကျန်ရှိတော့တာကြောင့် နောက်ရာသီမစတင်မီ ယခုနွေရာသီအတွင်းမှာပဲ စာချုပ်သစ်ထပ်မံချုပ်ဆိုသွားဖွယ်ရှိပါတယ်။ သတင်းတွေအရ ဘာစီလိုနာဘက်က ဒီဂျောင်ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းထားတယ်လို့သိရပါတယ်။ 

ဒီဂျောင်က "ကျွန်တော့် ဘာစီလိုနာနဲ့စာချုပ်သစ်မချုပ်ရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်ဒီမှာနေရတာ အရမ်းပျော်ပြီး ဘာစီလိုနာကလည်း ကျွန်တော့်ကိုလိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။ ဒါကြောင့် အဆုံးမှာတော့ ကျွန်တော်စာချုပ်သစ်ချုပ်ဆိုသွားတော့မှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ဘာစီလိုနာနဲ့ စာချုပ်သစ်ထပ်မံချုပ်ဆိုသွားမယ့်ကစားသမားစာရင်းထဲမှာ ဒီဂျောင်တစ်ယောက်တည်းမဟုတ်ဘဲ နောက်ခံလူ ဂျူးလက်စ်ကွန်ဒီကလည်း မကြာသေးမီက စာချုပ်သစ်ချုပ်ဆိုသွားမယ်လို့ ကြေညာထားပါတယ်။ ပြင်သစ်လက်ရွေးစင်ဟာ အာရှသို့ထွက်ခွာလာခဲ့တဲ့ ရာသီကြိုခရီးစဉ်ပြီးဆုံးပြီး ဘာစီလိုနာသို့ပြန်လည်ရောက်ရှိချိန်မှာ စာချုပ်သစ်အတွက် လက်မှတ်ရေးထိုးသွားမှာဖြစ်ပါတယ်။