The network connection is lost.

Banner Image

ပေါင်သန်း ၅၀ သတ်မှတ်ထားတဲ့ ဂျက်ဂရီးလစ်ရှ် အငှားဖြင့်သာ ထုတ်ရဖွယ်ရှိနေတဲ့ မန်စီးတီး

မန်စီးတီး အသင်းအနေဖြင့် ပေါင် သန်း ၅၀ (ဒေါ်လာ ၆၈ သန်း) တန်ကြေးရှိတဲ့ ဂျက်ဂရီးလစ်ရှ် ကို အပြီးသတ် ရောင်းချဖို့ ရွေးချယ်စရာများ မရှိခြင်းကြောင့် အငှားချရန် အတင်းအကျပ် ခိုင်းစေခံရနိုင်ကြောင်း သတင်းများက ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်တွင် အက်စတွန်ဗီလာမှ ထိုစဉ်က ဗြိတိန် စံချိန်တင် ပေါင် သန်း ၁၀၀ (ဒေါ်လာ ၁၃၆ သန်း) ဖြင့် အီတီဟတ် သို့ ရောက်ရှိလာခဲ့တဲ့ ဂရီးလစ်ရှ်ဟာ ယခုအခါ မန်စီးတီး ကစားသမားဘဝ လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပုံရပါတယ်။ အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ လက်ရှိတွင် စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးပြီး တစ်ပတ်လျှင် ပေါင် ၃၀၀,၀၀၀ အထိ များပြားတဲ့ လစာ ရရှိနေသော်လည်း သူ့အပေါ် စိတ်ဝင်စားမှုဟာ ခိုင်မာတဲ့ ကမ်းလှမ်းမှုများအဖြစ် ပေါ်ပေါက်လာခြင်း မရှိသေးသဖြင့် အငှားချဖို့ကိုသာ ရှာဖွေရန် တွန်းအားပေးခံနေရကြောင်း The Guardian က ဖော်ပြထားပါတယ်။

ပက်ဂွါဒီယိုလာရဲ့ အသင်းဟာ လာမယ့် ကလပ် ကမ္ဘာ့ဖလားတွင် မော်ရိုကို ချန်ပီယံ ဝိုင်ဒါ့ဒ် ကာဆာဘလန်ကာ နှင့် ရင်ဆိုင်ရမည့်ပွဲအတွက် ပြင်ဆင်ရန် အမေရိကန်ပြည်ထောင်စု သို့ ရောက်ရှိနေပြီး ဂရီးလစ်ရှ်က ဘိုကာရာတွန် သို့ ရောက်ရှိလာတဲ့ မန်စီးတီးရဲ့ လူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ကလပ်သတင်းရင်းမြစ်များက မန်စီးတီးဟာ အင်္ဂလန်သားကို အတင်းအကြပ်တွန်းအားပေးခြင်းမဟုတ်သော်လည်း ဆွေးနွေးမှုများအတွက် လမ်းဖွင့်ထားကြောင်း ဖော်ပြထားပါတယ်။ သို့သော် ပေါင် ၅၀ သန်း တန်ကြေးမှာ မြဲမြံနေဆဲဖြစ်ပါတယ်။

Daily Mail သတင်းစာအရ ဗီလာသို့ ပြန်လည်ရောက်ရှိရေးက ယခုအခါ အလေးအနက် ဆွေးနွေးလျက်ရှိပါတယ်။ သို့သော် ဝက်စ် မစ်ဒ်လန်းဒ်ကလပ်ဟာ ကစားသမားရဲ့ လက်ရှိလစာကြောင့် အပြီးသတ် အပြောင်းအရွှေ့အတွက် လုပ်ဆောင်လိုဖွယ် မရှိပေ။ အငှားစာချုပ်ဖြင့်သာ သူ့ရဲ့ကစားသမားဟောင်းကို လစာအပြည့်အဝ တာဝန်ယူစရာ မလိုဘဲ ပြန်လည်ခေါ်ယူနိုင်စေမှာ ဖြစ်ပါတယ်။

တစ်ချိန်က စံချိန်တင် အပြောင်းအရွှေ့ဖြစ်ခဲ့တဲ့ ဂရီးလစ်ရှ်ဟာ ယခုအခါ အငှားအပြောင်းအရွှေ့တစ်ခုကနေ ပုံမှန်ကစားခွင့်ရရှိရန်သာ သူ့အတွက်အဖြစ်နိုင်ဆုံး လမ်းကြောင်းဖြစ်နေပါတယ်။ ဗီလာပါ့ခ် သို့ ပြန်လည်ရောက်ရှိခြင်း သို့မဟုတ် ပြည်ပသို့ ပြောင်းရွှေ့ခြင်း ရှိ၊ မရှိကို စောင့်ကြည့်ရဦးမှာ ဖြစ်သော်လည်း အင်္ဂလန်ကြယ်ပွင့်အတွက် အပြောင်းအလဲများ ဖြစ်ပေါ်လာမည်မှာ ရှင်းလင်းနေပါတယ်။