
တန်းဆင်းခဲ့ရတာကြောင့် ဒီလပ်ရဲ့ စာချုပ်လျော်ကြေးက ပေါင် သန်း ၃၀ အထိ ကျဆင်းနိုင်
ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲကျန်ရှိနေချိန်မှာ အင်းဆွစ်အသင်းက တန်းဆင်းခဲ့ရတာကြောင့် သူတို့ရဲ့ အဓိကတိုက်စစ်မှူး လီယမ် ဒီလပ်ဟာ မကြာခင်မှာ အသင်းပြောင်းရွှေ့ဖို့ များနေပါတယ်။
အရင်သတင်းတွေအရ ဒီလပ်ရဲ့ စာချုပ်မှာ ပေါင် သန်း ၄၀ လျော်ကြေးသတ်မှတ်ထားတယ်လို့ ဖော်ပြခဲ့ပေမယ့် အင်းဆွစ်အသင်းက ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရင် အဲဒီလျော်ကြေးဟာ ပေါင် သန်း ၃၀ အထိ ကျဆင်းသွားမှာ ဖြစ်ပါတယ်။
လက်ရှိသတင်းတွေအရ ချဲလ်ဆီး၊ ယူနိုက်တက်၊ အာဆင်နယ်နဲ့ လီဗာပူးအပါအဝင် ပရီးမီးယားလိဂ်အသင်းအတော်များများက ဒီလပ်ကို စိတ်ဝင်စားနေသလို တခြားနိုင်ငံရပ်ခြားကအသင်းတွေကလည်း သူ့ကို စောင့်ကြည့်နေပါတယ်။