The network connection is lost.

Banner Image

အခုနွေမှာ ဘာစီလိုနာကိုပြောင်းဖို့ ဆုံးဖြတ်ထားတဲ့ လီဗာပူးစတား

သတင်းတွေအရ လီဗာပူးတောင်ပံကစားသမား ဒီယက်ဇ်တစ်ယောက် အသင်းဘက်က တန်ဖိုးမထားသလိုခံစားရတာကြောင့် အခုနွေမှာ ဘာစီလိုနာထံပြောင်းဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ ဒီပို့တီဗို့သတင်းဌာနရဲ့အဆိုအရ ဒီယက်ဇ်ဟာ လာမယ့်အပတ်တွေမှာ ဘာစီလိုနာထံပြောင်းရွှေ့တော့မှာဖြစ်ပြီး အခုအခြေအနေက သူ့ရဲ့နောက်ဆုံးအခွင့်အရေးတစ်ခုလို့ ထင်မြင်နေပါတယ်။

ဒါ့အပြင် လီဗာပူးအသင်းဟာ သူ့ကိုတန်ဖိုးမထားသလိုခံစားရတာကြောင့်လည်း ထွက်ခွာချင်နေတာလို့ သိရပါတယ်။ လီဗာပူးဘက်က ပြီးခဲ့တဲ့အပတ်တုန်းက ဘာစီလိုနာရဲ့ကမ်းလှမ်းမှုတစ်ခုကို ပယ်ချခဲ့ပြီး ကိုလံဘီယာသားက လီဗာပူးမှာ အရမ်းပျော်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ တကယ်လို့ လာမယ့်ရာသီမှာအဓိကကစားသမားဖြစ်လာမယ်ဆိုရင်တော့ အခြေအနေက ပြောင်းလဲနိုင်ချေရှိနေပါတယ်။

ပေါ်တိုစတားဟောင်းဟာ ၂၀၂၂ တုန်းက လီဗာပူးအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒီရာသီအသင်းအတွက် ပြိုင်ပွဲစုံ ၅၀ ပွဲမှာ ၁၇ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ လီဗာပူး နဲ့ ဒီယက်ဇ်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ အထိ ကျန်ရှိနေတာဖြစ်ပြီး အခုထွက်ပေါ်နေတဲ့သတင်းတွေက အမှန်တကယ်လားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။