The network connection is lost.

Banner Image

လိုင်ယွန်စတားကိုခေါ်ယူနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ မန်စီးတီး

သတင်းတွေအရ မန်စီးတီးအသင်းဟာ လိုင်ယွန်စတား ချာကီကိုခေါ်ယူနိုင်ဖို့ မိခင်ကလပ်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ကလပ်ကမ္ဘာ့ဖလားရှိနေချိန်မှာ ဒီဘရိုင်းကိုလက်လွှတ်ထားခဲ့ရတာကြောင့် စီးတီးဟာ ဘယ်လ်ဂျီယံသားနေရာကို အစားထိုးဖို့ ပြင်ဆင်လာခဲ့ရတာဖြစ်ပါတယ်။

လိုင်ယွန်စတား ချာကီဟာ ဒီဘရိုင်းနေရာမှာ အစားဝင်ရမှာဖြစ်ပြီး လာမယ့်ကလပ်ကမ္ဘာ့ဖလားမတိုင်ခင် ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ပြင်သစ်သတင်းဌာနကတော့ စီးတီးဟာ ချာကီအတွက် လိုင်ယွန်နဲ့သဘောတူညီမှုရရှိခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။ စီးတီးဘက်က ကနဦးပေါင် ၁၈.၉ သန်းနဲ့ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

အဲ့နောက် ဒုတိယမြောက်ကမ်းလှမ်းမှုအဖြစ် ပေါင် ၃၃.၇ သန်းမှာတော့ သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ်သတင်းတွေအရ ချာကီဟာ စီးတီးနဲ့ ၂၀၃၀ အထိ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး လာမယ့်ကလပ်ကမ္ဘာ့ဖလားမှာ အသင်းနဲ့ပူးပေါင်းနိုင်ချေရှိနေပါတယ်။ စီးတီးဟာ ကလပ်ကမ္ဘာ့ဖလားအဖွင့်ပွဲအဖြစ် မော်ရိုကိုကလပ် ဝိုင်ဒက်အသင်းနဲ့ကန်ရမှာဖြစ်ပြီး ချာကီအနေနဲ့ ပွဲထွက်ခွင့်ရဖွယ်ရှိနေပါတယ်။