The network connection is lost.

Banner Image

လီဗာပူးကိုအနိုင်ရခဲ့ပေမယ့် ကွင်းထဲမှာစွမ်းဆောင်ရည်ဆက်ထိန်းဖို့ အသင်းသားတွေကို အာမိုရင် တိုက်တွန်း

ယူနိုက်တက်နည်းပြ အာမိုရင်က လီဗာပူးကို ၂-၁ နဲ့အနိုင်ရခဲ့ပေမယ့်လည်း အသင်းသားတွေကို ကွင်းထဲမှာစွမ်းဆောင်ရည်ဆက်ထိန်းဖို့ တိုက်တွန်းလိုက်ပါတယ်။ ယူနိုက်တက်ဟာ အန်ဖီးလ်မြေမှာ ကြီးမားတဲ့စိတ်ခွန်အားနဲ့အတူ အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး ပေါ်တူဂီသားနည်းပြကတော့ လာမယ့်ဘရိုက်တန်နဲ့ပွဲမှာလည်း ၃ ပွဲဆက်အနိုင်ရဖို့ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက ယူနိုက်တက်ဟာ လီဗာပူးကို အမ်ဘွီမို ၊ မက်ဂွါရီတို့ရဲ့ဂိုးတွေနဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၆ နောက်ပိုင်း အခါးသီးဆုံးပြိုင်ဘက်ကို ပထမဆုံးအကြိမ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အာမိုရင်အတွက်လည်း ဆန်းဒါးလန်းကိုအနိုင်ရပြီးနောက် ၂ ပွဲဆက် အနိုင်ရရှိခဲ့တာက ပထမဆုံးအကြိမ်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အာမိုရင်ကတော့ ကစားသမားအနေနဲ့ လီဗာပူးနဲ့ပွဲကအခြေအနေအတိုင်း ဆက်ထိန်းဖို့ တိုက်တွန်းခဲ့ပါတယ်။ 

အဆိုပါပွဲမှာ လီဗာပူးစတား ဂတ်ပိုရဲ့ကန်ချက်  ၃ ကြိမ်လောက်တိုင်ထိခဲ့တာကလည်း ယူနိုက်တက်အတွက် သက်သာရာရခဲ့တာဖြစ်ပါတယ်။ လီဗာပူးနဲ့ပွဲအပြီး အာမိုရင်က အသင်းသားတွေအနေနဲ့ ကွင်းထဲမှာစွမ်းဆောင်ရည်ဆက်ထိန်းဖို့ တိုက်တွန်းခဲ့ပါတယ်။ “နိုး ကျွန်တော်ဆိုလိုတာက ကျွန်တော်တို့အများကြီးမပြောင်းလဲသေးပါဘူး။ တကယ်လို့ ဂတ်ပိုရဲ့ကန်ချက်က ၂၀ စင်တီမီတာလောက် နီးခဲ့မယ်ဆိုရင် အခြေအနေတွေက ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက စိတ်အေးအေးထားပြီး ကျွန်တော်တို့လုပ်နေတာကို သေချာလေးဆက်လုပ်ဖို့ပါ။ ဒီလိုအသင်းရဲ့နည်းပြတစ်ဦးဆိုင် သံသယဖြစ်တာတွေရှိနိုင်ပါတယ်။  ခင်ဗျားအနေနဲ့ ပွဲအများကြီးမနိုင်တော့ဘူးဆိုရင် ခင်ဗျားကိုလူတွေသံသယဖြစ်လာပါပြီ။ ဒါပေမယ့် ကျွန်တော့်အမြင်အရတော့ လမ်းကြောင်းအတိုင်းဆက်သွားဖို့ပါ။ အများကြီးမပြောင်းလဲပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တစ်ပွဲပဲအနိုင်ရသေးတာပါ။ အဲ့တာပါပဲ”လို့ အာမိုရင်ကပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အတွက် ၃ ပွဲဆက်အနိုင်ရဖို့က စမ်းသပ်ချက်ဖြစ်လာနိုင်ပပြီး ဘရိုက်တန်ကလည်း ပြိုင်ပွဲစုံ ၅ ပွဲဆက် မရှုံးနိမ့်အောင်ကစားထားနိုင်ပါတယ်။ ဟာဇယ်လာရဲ့အသင်းဟာ တော့တင်ဟမ် ၊ ဝုဗ်တို့ကိုလည်း အနိုင်ယူထားနိုင်ခဲ့ပြီး ယူနိုက်တက်နဲ့ ၁ မှတ်အကွာအဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။


“ကျွန်တော် အမြဲတမ်းခက်ခဲနိုင်တယ်ဆိုတာ တွေးထားပါတယ်။ ပွဲတွေကထင်ထားတာထက်ခက်ခဲနိုင်ပါတယ်။ ဘရိုက်တန်ကစားတာက ကြည့်လို့ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့က ကစားကွက်တည်ဆောက်ရာမှာလည်း တကယ်ကောင်းပါတယ်။  ပြီးတော့ နေရာတိုင်းကနေ ပွဲအလှည့်အပြောင်းလုပ်ရာမှာလည်း သန်မာကြပါတယ်။ သူတို့ ဒီရာသီမှာတည်ကန်ဘောလည်း ပိုကောင်းလာပါတယ်။

ဒါကြောင့် သူတို့က တကယ့်ကိုပြီးပြည့်စုံအသင်းဖြစ်လာပါတယ်။ ကျွန်တော်တို့ ဉာဏ်ကောင်းဖို့လိုအပ်သလို အရာအားလုံးကို သေချာလေးအာရုံစိုက်ရပါမယ်။ ဘာလို့လဲဆိုတော့ သူတို့က အသင်းကောင်းတစ်သင်းဖြစ်တာကြောင့်ပါ။ သူတို့ကစားတဲ့နည်းလမ်းကို ခင်ဗျားမြင်မှာပါ။ တကယ့်ကိုပြင်းထန်ပြီး အရည်အချင်းလည်းရှိပါတယ်။ သူတို့လုပ်ဆောင်နေတာကို သူတို့ယုံကြည်ပါတယ်။ ဖိအားတွေအောက်မှာတောင် သူတို့က အကောင်းဆုံးလုပ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်က ဖေဘီယန်ရဲ့အမာခံပရိသတ်ပါ”လို့ အာမိုရင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။