ရီးရဲလ်မက်ဒရစ်နည်းပြတာဝန် ရယူလိုတယ်လို့ နိုင်ဂျီးရီးယားနည်းပြအဲရစ်ချယ်လီ ထုတ်ဖော်ပြောကြား
နိုင်ဂျီးရီးယားလက်ရွေးစင်အသင်းနည်းပြအဲရစ်ချယ်လီက အနာဂတ်မှာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းကို တာဝန်ယူသွားလိုတယ်လို့ သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အသက် ၄၈ နှစ်အရွယ်ရှိ အဲရစ်ချယ်လီက ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ နိုက်ဂျီးရီးယားအသင်းကို တတိယဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက်ပိုင်း အာဖရိကတိုက်ရဲ့အရည်အချင်းအရှိဆုံးနည်းပြတစ်ဦးအဖြစ် ဂုဏ်သတင်းကျော်ကြားလာခဲ့ပါတယ်။
၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအပြီးမှာ အဲရစ်ချယ်လီဟာ နိုင်ငံတကာအဆင့်မှာ ပိုမိုလူသိများထင်ရှားလာပြီး နိုင်ငံလက်ရွေးစင်အသင်းအများစုရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိခဲ့ပါတယ်။
"ကျွန်တော့်ရဲ့ အိပ်မက်ကတော့ ရီးရဲလ်မက်ဒရစ်အသင်းကို ပထမဦးဆုံး ကိုင်တွယ်ခွင့်ရတဲ့ အာဖရိကတိုက်သား နည်းပြတစ်ဦး ဖြစ်လာဖို့ပါပဲ" လို့ အဲရစ်ချယ်လီက RMCsport နဲ့တွေ့ဆုံချိန် ပြောကြားခဲ့ပါတယ်။