The network connection is lost.

Banner Image

ပွဲကစားချိန်နည်းပါးနေလို့ စိတ်ပျက်ဒေါသထွက်နေတဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်

ပွဲကစားခွင့်နည်းပါးနေတဲ့အတွက် ရီးရဲလ်မက်ဒရစ်အဓိကကစားသမားတစ်ဦးဟာ အသင်းမှာ သူကြုံတွေ့နေရတဲ့အခြေအနေတွေအပေါ် အတော်လေးစိတ်ပျက်ဒေါသထွက်နေပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ အဲ့ဒီကစားသမားကတော့ ခံစစ်မှူးကာဗာဂျယ်လ်လို့ သိရပါတယ်။ ကာဗာဂျယ်လ်က ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာလည်း နောက်ထပ်စိတ်ပျက်စရာကောင်းတဲ့ညတစ်ညကို ထပ်မံဖြတ်သန်းခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်က ဗလန်စီယာကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ စပိန်လက်ရွေးစင်ကာဗာဂျယ်လ် မိနစ် ၉၀ ပြည့် အရန်ခုံတန်းမှာပဲ ရှိနေခဲ့ပါတယ်။


သူ့အတွက် ဇန်နဝါရီလအစောပိုင်း၊ ဒဏ်ရာမှပြန်သက်သာလာပြီးနောက် ပွဲကစားချိန်စုစုပေါင်း မိနစ် ၃၀ တောင် မရရှိသေးပါဘူး။ အခုလို ပွဲကစားခွင့်ရရှိဖို့ ရုန်းကန်နေရတဲ့ အခြေအနေတွေက ကစားသမားအပေါ်မှာ သက်ရောက်မှုတွေ ရှိလာနေပါတယ်။

ကစားသမားနဲ့နီးစပ်သူတွေက "ဗလန်စီယာနဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်မရရှိမှုအပေါ် သူ တကယ်ကို ဒေါသထွက်နေတယ်" လို့ The Athletic သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ကာဗာဂျယ်လ်က ကြိုးကြိုးစားစားဆက်လေ့ကျင့်နေတယ်လို့လည်း သိရပါတယ်။