The network connection is lost.

Banner Image

ကြွက်သားဒဏ်ရာကြောင့် ပွဲစဉ်အချို့ကို လွဲချော်တော့မယ့် ကိုင်ဟာဗက်ဇ်

အာဆင်နယ်တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်ဟာ ကြွက်သားဒဏ်ရာကြောင့် လာမယ့်ပွဲစဉ်အချို့ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ 
ဒါဟာ အာဆင်နယ်အတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ဒဏ်ရာပြဿနာအမျိုးမျိုးကြောင့် ဒီနှစ်ရာသီ အာဆင်နယ်အတွက် ပရီးမီးယားလိဂ် ၃ ပွဲသာ ကစားပေးထားနိုင်သေးတာ ဖြစ်ပါတယ်။
The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟာဗက်ဇ်ဟာ လာမယ့် ဘရန့်ဖို့ဒ်နဲ့ တော့တင်ဟမ်တို့နဲ့ ကစားရမယ့် ပွဲစဉ်တွေကို လွဲချော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဝီဂန်နဲ့ ကစားမယ့် အက်ဖ်အေဖလားပွဲစဉ်၊ ဝုဗ်အသင်းနဲ့ ပွဲစဉ်တွေကိုလည်း ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
အထူးသဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ကစားမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာလည်း ဟားဗတ်ဇ်ကို မြင်တွေ့ရမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
လက်ရှိမှာ အာဆင်နယ်အသင်းက မီကယ်မီရီနို၊ မာတင်အိုဒီဂတ်၊ ဘူကာယိုဆာကာနဲ့ မက်စ်ဒေါင်းမန်း တို့လို အဓိကကစားသမားတွေ ဒဏ်ရာရရှိနေချိန်မှာ ဟာဗက်ဇ်ကိုပါ ထပ်မံဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။