The network connection is lost.

Banner Image

သောမတ်စ်ဖရန့်ခ် ရာထူးက အထုတ်ခံရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ဖွင့်ဟလာတဲ့ အာတီတာ

တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့အပေါ် အာဆင်နယ်နည်းပြ မီကယ်အာတီတာက သူ့ရဲ့အမြင်ကို ပြောပြလာပါတယ်။ 
တော့တင်ဟမ်ကို ၈ လကြာ ကိုင်တွယ်ခဲ့တဲ့ ဖရန့်ခ်ဟာ ၂၀၂၆ ခုနှစ်ထဲမှာ ပရီးမီးယားလိဂ်ပွဲ တစ်ပွဲမှ မနိုင်သေးတဲ့ အခြေအနေဆိုးနဲ့အတူ ဗုဒ္ဓဟူးနေ့မနက်မှာပဲ အသင်းကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
တော့တင်ဟမ်အသင်းဟာ အဆင့် ၁၆ ရောက်နေပြီး တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
လာမယ့်အပတ် အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲကြီးပွဲကောင်း မတိုင်ခင် တော့တင်ဟမ်အသင်းဟာ နည်းပြသစ်တစ်ယောက်ကို စတင်ရှာဖွေနေပြီ ဖြစ်ပါတယ်။
အာတီတာက"လုပ်ဖော်ကိုင်ဖက်တစ်ယောက် သူ့အလုပ်ကို ဆက်မလုပ်နိုင်တော့ဘူးဆိုတာ တကယ်ကို စိတ်မကောင်းစရာ သတင်းပါပဲ။ သောမတ်စ်ဟာ တကယ့်ကို ထူးချွန်တဲ့ နည်းပြတစ်ယောက် ဖြစ်သလို လူပုဂ္ဂိုလ်အရလည်း တကယ့်ကို အံ့သြစရာကောင်းသူ တစ်ယောက်ပါ။ ဒါကို သူက ဒီလိဂ်ထဲမှာ သက်သေပြခဲ့ပြီးသားပါ။
ကျွန်တော်တို့ နည်းပြတွေရဲ့ အနေအထားကို ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ရဲ့ တာဝန်က ကွင်းထဲက ခြေစွမ်းထက်ကို ပိုပါတယ်။ တစ်ခါတလေမှာ ရလဒ်တွေကပဲ ကျွန်တော်တို့ ဘာဖြစ်မလဲဆိုတာကို ဆုံးဖြတ်ပေးသွားတာပါ။ သူ နောက်ထပ်လုပ်မယ့် အလုပ်တွေမှာ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
နယူးကာဆယ်ကို ရှုံးတဲ့ပွဲစဉ် ပထမပိုင်းအပြီးမှာရော ပွဲအပြီးမှာပါ တော့တင်ဟမ်ပရိသတ်တွေက အသင်းကို လှောင်ပြောင်ခဲ့ကြပါတယ်။ ဒါဟာ တော့တင်ဟမ်အသင်းက ဖရန့်ခ်အတွက် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားစေတဲ့ အချက်ဖြစ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အာတီတာကတော့ ဖရန့်ခ်ကို လေးစားကြောင်း ပြောခဲ့ပါတယ်။
အာတီတာက"အများကြီး လေးစားပါတယ်။ လေးစားတာထက် ပိုပြီးတော့တောင် အထင်ကြီးမိတာပါ။ သူဟာ အသင်းသားအားလုံးရဲ့ ရည်မှန်းချက်ချင်း တူညီပြီး ပုံစံချင်းလည်း တူညီတဲ့ ကလပ်အသင်းတစ်သင်းမှာ အလုပ်လုပ်ပြခဲ့တာပါ။ ကျွန်တော့်အမြင်အရ သူတို့ လုပ်ဆောင်ပုံတွေက တကယ့်ကို ပါးနပ်လို့ ကျွန်တော်တို့ သင်ယူစရာတွေ အများကြီး ရှိပါတယ်။ အသင်းကို တည်ဆောက်ပုံနဲ့ တဖြည်းဖြည်း တိုးတက်လာအောင် လုပ်ပုံတွေကလည်း တကယ့်ကို အချိန်ကိုက်ပါပဲ" လို့ ပြောခဲ့ပါတယ်။