The network connection is lost.

Banner Image

မာဆေးလ်အသင်းရဲ့ ကမ်းလှမ်းမှုကို ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇာဘီအလွန်ဆို ငြင်းပယ်

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ ဇာဘီအလွန်ဆိုဟာ မာဆေးလ်အသင်းဆီက ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ရော်ဘာတို ဒီဇာဘီရဲ့နေရာမှာ အစားထိုးဖို့အတွက် မာဆေးလ်အသင်းက ဇာဘီကို ဆက်သွယ်ခဲ့တာဖြစ်တယ်လို့ RMC Sport က ဖော်ပြထားပါတယ်။

ဒါပေမဲ့ ပြင်သစ်တောင်ပိုင်းက အဲဒီကလပ်အသင်းမှာ အမြဲတမ်းလိုလို ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေကို အကြောင်းပြပြီး ဇာဘီက ဒီကမ်းလှမ်းမှုကို ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မာဆေးလ်အသင်းပိုင်ရှင် ဖရန့်ခ်မက်ကော့တ်ကတော့ အားကစားဒါရိုက်တာ မက်ဒီ ဘီနာတီးယားရဲ့ နှုတ်ထွက်စာကို သူလက်မခံဘဲ ပယ်ချလိုက်ကြောင်း မနေ့ကပဲ ကြေညာခဲ့ပါတယ်။

အဲဒီအစား ဂျူဗင်တပ်စ်နောက်ခံလူဟောင်းဖြစ်သူ ဘီနာတီးယားကို ဘောလုံးရေးရာဌာနတစ်ခုလုံးရဲ့ လုပ်ပိုင်ခွင့်တွေ အပြည့်အဝပေးလိုက်ပြီး ဥက္ကဋ္ဌ ပါဘလိုလောင်ဂိုရီးယားရဲ့ လုပ်ပိုင်ခွင့်တွေကိုတော့ လျှော့ချလိုက်ပါတယ်။

လက်ရှိမှာ ဂျက်ကွက် အဘာဒိုနာဒိုက ယာယီနည်းပြအဖြစ် တာဝန်ယူနေပြီး ဘီနာတီးယားကတော့ ဒီဇာဘီရဲ့နေရာမှာ အစားထိုးဖို့ နည်းပြအသစ် ရှာဖွေရေးကို တာဝန်ယူ လုပ်ဆောင်နေပါတယ်။