ကလပ်အသင်းလက်မဲ့ကစားသမားဖြစ်နေဆဲ လီဗာပူးတိုက်စစ်မှူးဟောင်းအိုရီဂီ
လီဗာပူးတိုက်စစ်မှူးဟောင်းအိုရီဂီက အေစီမီလန်မှထွက်ခွာခဲ့ပြီးနောက် အခုအချိန်အထိ ကလပ်အသင်းလက်မဲ့ကစားသမားအဖြစ်ပဲ ရှိနေပါသေးတယ်။
ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း အေစီမီလန်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီး သူနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်က ရက်ပေါင်း ၆၀၀ ကျော် ကြာမြင့်နေပါပြီ။
အခုအချိန်အထိ အသင်းလက်မဲ့ဖြစ်နေတဲ့အိုရီဂီက ပြီးခဲ့တဲ့ရာသီ၊ နော်တင်ဟမ်ဖောရက်စ်အသင်းမှာ စီနီယာအဆင့်ကစားသမားအဖြစ် နောက်ဆုံးအကြိမ်ပါဝင်ကစားခဲ့ပါတယ်။
ဒီတိုက်စစ်မှူးက နည်းပြစတိဗ်ကူးပါးလက်ထက်မှာ ပြိုင်ပွဲစုံ ၂၂ ပွဲအထိ ပါဝင်ကစားခဲ့ပေမဲ့ လိဂ်ပွဲစဉ်သွင်းဂိုး မရရှိခဲ့သလို နည်းပြ နူနိုဆန်းတို့စ်လက်ထက်မှာလည်း ၈ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ အိုရီဂီက အမေရိကန်ဘတ်စကက်ဘောပွဲ ကြည့်ရှုခဲ့သလို ပဲရစ်ဖက်ရှင်ရက်သတ္တပတ် (Paris Fashion Week) မှာလည်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။