ဂျူဗင်တပ်စ်ကြယ်ပွင့်အန်ဒရီယာကမ်ဘီယာဆိုကို ဥရောပထိပ်တန်းအသင်းကြီးတွေ မျက်စိကျနေ
ဂျူဗင်တပ်စ်နောက်ခံလူအန်ဒရီယာကမ်ဘီယာဆိုကို ဥရောပရဲ့ထိပ်တန်းအသင်းကြီးအတော်များများက စိတ်ဝင်စားနေကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၆ နှစ်အရွယ်နောက်ခံလူက ၂၀၂၃ ခုနှစ်မှာ ဂျူဗင်တပ်စ်ဆီ ရောက်ရှိလာပြီးနောက် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့လို့ လတ်တလောမှာ ဥရောပစျေးကွက်ရဲ့မျက်နှာပန်းအပွင့်ဆုံးခံစစ်မှူးတစ်ဦး ဖြစ်လာပါတယ်။
CaughtOffisde ရဲ့ဖော်ပြချက်အရ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ကမ်ဘီယာဆိုကိုခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်၊ လီဗာပူးနဲ့ မန်စီးတီးတို့ အပြိုင်အဆိုင်စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။
ပက်ဂွါဒီယိုလာရဲ့မန်စီးတီးအသင်းက ဒီဘယ်နောက်ခံလူကို ၂၀၂၄ ခုနှစ်၊ နွေရာသီမှာပင် ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးသလို ကာလရှည်ကြာစောင့်ကြည့်နေခြင်းလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဂျူဗင်တပ်စ်ဘက်ကတော့ ကမ်ဘီယာဆိုကိုရောင်းထုတ်ဖို့ အစီအစဉ်လုံးဝမရှိဘဲ သူ့ကို အသင်းရဲ့ရေရှည်စီမံကိန်းတွေမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။