The network connection is lost.

Banner Image

အာနိုးလ်နေရာမှာ အစားထိုးမယ့်ကစားသမားရှာဖွေနေတဲ့ လီဗာပူး

သတင်းတွေအရ လီဗာပူးအသင်းဟာ အာနိုးလ်နေရာမှာ မန်စီးတီးပစ်မှတ် ဂျူဗင်တပ်စ်စတား ကမ်ဘီယာဆိုနဲ့ အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ လာမယ့်နွေမှာ ရီးရဲလ်အသင်းထံ အာနိုးလ်တစ်ယောက်ပြောင်းရွှေ့တော့မာဖြစ်ပြီး လီဗာပူးဘက်က အစားထိုးဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

မာကာတိုသတင်းဌာနရဲ့အဆိုအရ ကမ်ဘီယာဆို နဲ့ ဂျူဗင်တို့ကြား ဆက်ဆံရေးအခြေအနေက ပျက်စီးနေပြီဖြစ်ကာ နွေရာသီမှာ ရောင်းချနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ စီးတီးဘက်ကလည်း ဝေါ်လ်ကာနေရာမှာ ဂျူဗင်တပ်စ်စတားနဲ့အစားထိုးချင်နေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက ကမ်ဘီယာဆိုကို လီဗာပူးအသင်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး အခုတော့ ပစ်မှတ်အဖြစ် သတ်မှတ်လာခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဆာလက် နဲ့ ဗန်ဒိုက်တို့ကို ဆက်ထိန်းနိုင်ခဲ့ပေမယ့် အာနိုးလ်ကိုတော့ ဆက်ထိန်းထားနိုင်ခြင်းမရှိတာဖြစ်ပါတယ်။ ကမ်ဘီယာဆိုဟာ မူလတုန်းက ဘယ်နောက်ခံလူဖြစ်ပေမယ့် လိုအပ်လာရင် ညာခြမ်းမှာပါ ကစားနိုင်စွမ်းရှိတာဖြစ်ပါတယ်။ အဆိုပါအခြေအနေကြောင့် လီဗာပူးအသင်းအနေနဲ့ စွယ်စုံရကစားသမားကို ချိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်စတား ကာကက်ဇ်ကိုလည်း လီဗာပူးအသင်းဘက်က ချိတ်ဆက်နေပြီး ဆိုဘိုဆလိုင်းအကူအညီနဲ့ခေါ်ယူချင်နေပါတယ်။

ကမ်ဘီယာဆိုဟာ ဂျူဗင်တပ်စ်မှာ နေရာမရတော့တာကြောင့် နွေရာသီမှာ ထွက်ခွာနိုင်ချေများနေပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ လက်ရှိစီးရီးအေအမှတ်ပေးဇယားရဲ့အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။