ယူနိုက်တက်ရဲ့ နွေရာသီ အရောင်းစာရင်း ငါးဦးထဲမှာ မေဆင်မောင့် ပါဝင်လာ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ မေဆင်မောင့်ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။
မန်ချက်စတာ အီးဗနင်းနယူးစ်ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ရန်ပုံငွေရှာဖွေတဲ့အနေနဲ့ ကမ်းလှမ်းမှုတွေကို လက်ခံသွားမယ့် စီနီယာကစားသမား ငါးဦးထဲမှာ မေဆင်မောင့်လည်း တစ်ဦးအပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။
မေဆင်မောင့်နဲ့အတူ လက်ရှိမှာ ဘာစီလိုနာနဲ့ နာပိုလီအသင်းတို့ဆီ အသီးသီး အငှားချထားတဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ ရာစ်မတ်စ် ဟွိုင်လန်းတို့ကိုလည်း ရောင်းချသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နဲ့ တိုက်စစ်မှူး ဂျိုရှုအာ ဇက်ဇီးတို့အတွက် ကမ်းလှမ်းမှုတွေကိုလည်း ထည့်သွင်းစဉ်းစားသွားမှာပါ။
အဆိုပါ ရောင်းချမှုတွေကနေ ယူနိုက်တက်အနေနဲ့ ပေါင် ၁၇၀ သန်းကျော်အထိ ရရှိဖို့ မျှော်မှန်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။