ယူနိုက်တက်၊ ချဲလ်ဆီးတို့ရဲ့ပစ်မှတ် အန်မီချာအတွက် ပြောင်းရွှေ့ကြေးသတ်မှတ်လိုက်တဲ့ ဒေါ့မွန်
ဒေါ့မွန်က အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်အမ်မီချာကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့အသင်းတွေဆီ သူတို့အလိုရှိတဲ့ပြောင်းရွှေ့ကြေးပမာဏကို အသိပေးပြောကြားလိုက်ပြီလို့ သတင်းတွေအရ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ်အန်မီချာက ၂၀၂၃ ခုနှစ်မှာ ဝုဖ်ဘတ်မှ ပြောင်းရွှေ့လာခဲ့ပြီး ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၁၀၆ ပွဲအထိ ကစားပေးထားတဲ့ အသင်းရဲ့အဓိကအမာခံကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
ဂျာမနီအခြေစိုက် BILD သတင်းဌာနရဲ့ဖော်ပြချက်အရ ဒေါ့မွန်အသင်းက လာမယ့်နွေရာသီမှာ အန်မီချာကို ခေါ်ယူချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေးပေါင် ၆၁ သန်းအထိပေးချေရန် တောင်းဆိုထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အသင်းရဲ့ကွင်းလယ်ပိုင်းအတွက် ငွေကြေးအမြောက်အမြားအသုံးပြုပြီး အင်အားဖြည့်တင်းဖို့စီစဉ်နေတဲ့ ပရီးမီးယားလိဂ်ထိပ်သီးကလပ် ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က အန်မီချာကိုခေါ်ယူဖို့ အပြင်းအထန်ချိတ်ဆက်နေကြပါတယ်။
မန်စီးတီးလူငယ်အကယ်ဒမီမှပေါ်ထွက်လာတဲ့ အန်မီချာက အင်္ဂလန်ယူ-၁၉ အသင်းအတွက်လည်း ပါဝင်ကစားခဲ့ဖူးလို့ အင်္ဂလန်ဘောလုံးလောကအကြောင်း ကောင်းကောင်းနားလည်ထားပါတယ်။