The network connection is lost.

Banner Image

ဘိုင်ယန်နောက်ခံလူဟောင်း ပါဗတ်ကို ခေါ်ယူရန် ဒေါ့မွန် ဆွေးနွေးနေ

ဒေါ့မွန်အသင်းဟာ ဘိုင်ယန်မြူးနစ်နောက်ခံလူဟောင်း ဘင်ဂျမင်ပါဗတ်ကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပါဗတ်ဟာ လက်ရှိမှာ အင်တာမီလန်အသင်းကနေ မာဆေးလ်အသင်းဆီ အငှားနဲ့ သွားရောက်ကစားနေတာဖြစ်ပြီး ပြင်သစ်ကလပ်အတွက် ပြိုင်ပွဲစုံ ၂၈ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။

မာဆေးလ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ အငှားစာချုပ်ထဲမှာ ပါဗတ်ကို ယူရို ၁၅ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့် အချက်အလက် ပါဝင်နေတယ်လို့ သိရပေမဲ့ အခုအခါမှာတော့ သူ့ကို ခေါ်ယူဖို့အတွက် တခြားပြိုင်ဘက်အသင်းတွေနဲ့ အပြိုင်အဆိုင် ဖြစ်လာနေပါတယ်။

fussballdaten ရဲ့ ဖော်ပြချက်အရ အဆိုပါနောက်ခံလူဟာ မာဆေးလ်မှာ ဆက်နေဖို့ ဆန္ဒမရှိတော့တာကြောင့် ဒေါ့မွန်အသင်းက ဒီအခွင့်အရေးကို အသုံးချဖို့ မျှော်လင့်နေတာပါ။

ပါဗတ်ဟာ ဂျာမနီမြေမှာ ဘိုင်ယန်မြူးနစ်၊ စတုဂတ်အသင်းတွေနဲ့အတူ စုစုပေါင်း ၂၅၁ ပွဲအထိ ပါဝင်ကစားခဲ့သူဖြစ်လို့ ဂျာမန်ဘောလုံးလောကမှာ လူသိများပြီးသား ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။