The network connection is lost.

Banner Image

ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့ပေမယ့်လည်း နည်းပြနေရာအတွက် မသေချာသေးတဲ့ ပိုစတီကိုဂလူ

သတင်းတွေအရ တော့တင်ဟမ်အသင်းနည်းပြ ပိုစတီကိုဂလူတစ်ယောက် ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့ပေမယ့်လည်း နည်းပြနေရာအတွက် မသေချာသေးဘူးလို့ သိရပါတယ်။ ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာအဆင့် ၁၇ သာရခဲ့တာကြောင့် လာမယ့်အပတ်ထဲမှာ တော့တင်ဟမ်အနေနဲ့ ပိုစတီကိုဂလူအနာဂတ်ကို ဆုံးဖြတ်မယ်လို့ တယ်လီဂရက်ဖ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ယူရိုပါလိဂ်ဖိုင်နယ်အပြီးကတည်းက ပိုစတီတစ်ယောက် အားလပ်ရက်အနားယူနေပြီး သူ့အနာဂတ်ကို မကြာခင်မှာ ရှင်းရှင်းလင်းလင်းသိရတော့မှာဖြစ်ပါတယ်။ပရီးမီးယားလိဂ်မှာ ၁၁ ပွဲသာအနိုင်ရပြီး ၂၂ ပွဲအထိအရေးနိမ့်ခဲ့ပြီးနောက် လီဗိုင်းက တော့တင်ဟမ်ကိုအပြောင်းအလဲလုပ်ဖို့ စဉ်းစားနေပါတယ်။

ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့တာက စိတ်ပြောင်းနိုင်ချေရှိနေသလို အသင်းသားတော်တော်များများကလည်း ပိုစတီကို ထောက်ခံထားတာဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ ပိုစတီကိုဂလူနေရာအတွက် သောမက်စ်ဖရန့်ခ် ၊ ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗား ၊ ဘုန်းမောက်နည်းပြ အီရာအိုလာတို့ကိ ပစ်မှတ်ထားနေပါတယ်။

ပိုစတီကိုဂလူဟာ တော့တင်ဟမ်အသင်းရဲ့ ၁၇ နှစ်ကြာဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်ပေးနိုင်ခဲ့တာဖြစ်ပေမယ့် အနာဂတ်အတွက် စိတ်မချရသေးတာဖြစ်ပါတယ်။ ရာသီသစ်မတိုင်ခင် တော့တင်ဟမ်ဟာ ယူအီးအက်အေစူပါဖလားပွဲအဖြစ် ချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီနဲ့ကန်ရဦးမှာဖြစ်ပါတယ်။