The network connection is lost.

Banner Image

တပည့်ဖြစ်သူအပြောင်းအရွှေ့ကို အားမပေးခဲ့ကြောင်း တန်ဟက်ထုတ်ဖော်ပြောကြားလာ

ယူနိုက်တက်နည်းပြ တန်ဟက်က အန်တိုနီအပြောင်းအရွှေ့ကိုခေါ်ယူဖို့ အားမပေးခဲ့ပဲ ပြိုင်ဘက်အာဆင်နယ်ကြောင့်သာ ယူနိုက်တက်က တစ်ချိန်လုံးတွန်းအားပေးခဲ့တာလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဆိုပါထုတ်ဖော်ပြောကြားမှု ကို ယူနိုက်တက်နည်းပြဟောင်း တန်ဟက်က ထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။

အန်တိုနီဟာ အေဂျက်မှာတုန်းက တန်ဟက်လက်အောက်မှာကစားခဲ့တာဖြစ်ပြီး ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ရောက်လာချိန်မှာတော့ထင်ထားသလိုဖြစ်မလာခဲ့ပဲ ခြေစွမ်းကျဆင်းခဲ့တာဖြစ်ပါတယ်။ များပြားလှတဲ့သတင်းတွေအရ ယူနိုက်တက်ဟာ အဖွင့်ပွဲ ၂ ပွဲကိုအရေးနိမ့်ပြီးနောက် ခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အန်တိုနီအပြောင်းအရွှေ့ကို ယူနိုက်တက်အားကစားဒါရိုက်တာ ဂျွန်မာတော့ချ်က ခေါ်ယူခဲ့တာဖြစ်ပြီး ၃ ကြိမ်တိုင်ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးကမ်းလှမ်းမှုမှာမှ အေဂျက်ဘက်က လက်ခံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တန်ဟက်ကအဆိုပါအပြောင်းအရွှေ့ကိုအားမပေးခဲ့ဘူးလို့ သိရပါတယ်။

အင်တာဗျူးတစ်ခုမှာ တန်ဟက်ရဲ့အေဂျင်စီ ဗို့စ်က “တန်ဟက် နဲ့ ဗို့စ်တို့ဘက်က အခုအပြောင်းအရွှေ့ကို မလိုလားခဲ့ပါဘူး။ ဒါပေမယ့် အသင်းဘက်က တစ်ချိန်လုံးတွန်းအားပေးနေပါတယ်။ ဘာလို့လဲဆိုတော့ ပြိုင်ဘက် အာဆင်နယ်က စိတ်ဝင်စားနေတာကြောင့်ပါ။ သူတို့ ၂ သင်းကြားပြိုင်ဆိုင်မှုက တော်တော်ကြီးမားပါတယ်။ ယူနိုက်တက်က အန်တိုနီအတွက် ယူရိုသန်း ၁၀၀ နီးပါးလောက်ပေးချေခဲ့ရပါတယ်။ တန်ဟက်ဘက်က အခုအပြောင်းအရွှေ့ကို အားမပေးခဲ့သလို ကျွန်တော်လည်း ယူနိုက်တက်မှာ တန်ဟက်နဲ့တစ်ချိန်လုံးအတူရှိနေပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

အန်တိုနီဟာ ယူနိုက်တက်အတွက် ၉၆ ပွဲပါဝင်ကစားခဲ့ပြီး ၁၂ ဂိုးသွင်း ၊ ၅ ဂိုးသာ ဖန်တီးနိုင်ခဲ့ပြီး ပရိသတ်တွေထံကနေ ဝေဖန်မှုတွေသာရရှိခဲ့ပါတယ်။  သူ့ရဲ့စွမ်းဆောင်ရည်ကျဆင်းမှုတွေအပြင် ယူနိုက်တက်ကလည်း ရလဒ်တွေမတည်ငြိမ်ခဲ့တာဖြစ်ပါတယ်။ ဒုတိယရာသီမှာတော့ အန်တိုနီတစ်ယောက် စတင်ကျဆင်းလာခဲ့သလို ပုံမှန်ပွဲထွက်ခွင့်ပါပျောက်ဆုံးလာခဲ့ပါတယ်။

အဲ့နောက် အခုတတိယရာသီမှာ အခြေအနေက ပိုဆိုးလာခဲ့ပြီး စပိန်ကလပ် ဘက်တစ်အသင်းထံအငှားထွက်ကစားခဲ့ရပါတယ်။ ယူနိုက်တက်ဟာ အန်တိုနီကိုအပြီးသတ်ရောင်းချဖို့ ပြင်ဆင်နေပြီး ပေါင်သန်း ၄၀ လောက်ရမယ်ဆိုရင် လက်ခံသွားဖွယ်ရှိနေပါတယ်။ စကိုင်းဂျာမနီသတင်းဌာနရဲ့အဆိုအရ လေဗာကူဆင်အသင်းဟာ အန်တိုနီကိုစိတ်ဝင်စားနေပြီး တန်ဟက်လည်းနည်းပြဖြစ်လာမှာဖြစ်တာကြောင့် ပြန်လည်ခေါ်ယူချင်နေပါတယ်။

မန်ချက်စတာမြေကိုခေါ်ယူဖို့ တန်ဟက်တစ်ယောက် တားမြစ်ခဲ့ပေမယ့် အခုလက်ရှိတန်ကြေးအနေအထားရ လေဗာကူဆင်ထံခေါ်ယူဖို့က ဈေးသက်သာနေတာဖြစ်ပါတယ်။