
ပိုစတီကိုထုတ်ပယ်ခဲ့တဲ့ အသင်းရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး တော့တင်ဟမ်စတားတွေ ပေါက်ကွဲနေ
သတင်းတွေအရ တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူကို ထုတ်ပယ်ခဲ့တဲ့အသင်းရဲ့လုပ်ရပ်ကို ကစားသမားတွေပေါက်ကွဲနေကြပြီး ကစားသမားက ပုန်ကန်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ တယ်လီဂရက်ဖ်သတင်းဌာနက တော့တင်ဟမ်ဥက္ကဌ လီဗိုင်းအနေနဲ့ ပိုစတီကိုထုတ်ပယ်လိုက်တာကြောင့် ကစားသမားတော်တော်များများရဲ့ဒေါသနဲ့ရင်ဆိုင်ရနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ အဆင့် ၁၇ နေရာနဲ့ရာသီသိမ်းခဲ့ပေမယ့် ဥရောပမှာ ယူရိုပါလိဂ်ဖလားကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပိုစတီကို ပိုရိုအပါအဝင် တော့တင်ဟမ်စတားတော်တော်များများက အသင်းမှာဆက်ရှိနေစေချင်နေကြတာဖြစ်ပါတယ်။ ရိုမဲရိုးကို တီကိုအသင်းက ချိတ်ဆက်နေသလို ဆွန်ဟောင်မင်လည်း အခုနွေရာသီမှာ အသင်းကနေထွက်ခွာနိုင်ချေရှိနေပါတယ်။
တော့တင်ဟမ်ကတော့ ပိုစတီနေရာမှာ ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်ခ်နဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ ကစားသမားတော်တော်များများကတော့ ပိုစတီကိုထုတ်ပယ်လိုက်တဲ့အတွက် မပျော်မရွှင်ဖြစ်နေပြီး ယူရိုပါလိဂ်ဖလားရခဲ့ပေမယ့်လည်း အနာဂတ်အတွက် ၂ ပတ်လောက်စောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ အခုချိန်မှာတော့ လီဗိုင်းအနေနဲ့ သူ့နေရာကိုဆက်ခံမယ့်နည်းပြကို အလျင်အမြန်ရှာဖွေရတော့မှာဖြစ်ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရတာကြောင့် ဈေးကွက်ထဲမှာ လူအင်အားလည်းဖြည့်တင်းရမှာဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ လာမယ့်ဇူလိုင်လ ၃၁ ရက်နေ့မှာ အာဆင်နယ်နဲ့ခြေစမ်းပွဲကန်မှာဖြစ်ပြီး အဲ့မတိုင်ခင်အထိ ပိုစတီနေရာကို အစားထိုးမလားဆိုတာ မသိရသေးတာဖြစ်ပါတယ်။