The network connection is lost.

Banner Image

ယူနိုက်တက်ကွင်းလယ်ကို အကောင်းဆုံးပြောင်းလဲပေးနိုင်ခဲ့တဲ့ မိုက်ကယ်ကာရစ်ရဲ့ စွမ်းဆောင်ရည်ကို အိုဝင်ဟားဂရေ့ဗ် ချီးကျူး

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်းဖြစ်သူ အိုဝင်ဟားဂရေ့ဗ်က အသင်းရဲ့ ကွင်းလယ်ပိုင်း ဟန်ချက်ညီမှုကို အောင်မြင်စွာ ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့တဲ့ နည်းပြ မိုက်ကယ်ကာရစ်ကို ချီးကျူးစကား ဆိုလိုက်ပါတယ်။

မိုက်ကယ်ကာရစ်ရဲ့ နည်းဗျူဟာပိုင်း အပြောင်းအလဲတွေကြောင့် တော့တင်ဟမ်အသင်းကို ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ အကောင်းဆုံး ခြေစွမ်းတွေကို ပြန်လည်ပြသနိုင်ခဲ့တာဖြစ်တယ်လို့ အိုဝင်ဟားဂရေ့ဗ်က ယုံကြည်နေတာပါ။

၎င်းက တီအန်တီစပေါ့တ်နဲ့ အင်တာဗျူးမှာ "အမှန်အတိုင်း ပြောရရင် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၂၀၀ အထိ ပါဝင်ပတ်သက်နိုင်ခဲ့တာက တကယ့်ကို မယုံနိုင်စရာပါပဲ။ ဒါဟာ ပလေးစတေရှင် ဂိမ်းတွေထဲက ဂဏန်းတွေလိုပါပဲ။ သူက စွန့်စားပြီး ကစားလေ့ရှိပေမဲ့ အဲဒီစွန့်စားမှုကနေ အသင်းအတွက် အကျိုးကျေးဇူးတွေ အများကြီး ရရှိစေတာပါ" လို့ ပြောကြားခဲ့ပါတယ်။

"အဲဒီပွဲမှာ ကိုဘီမိုင်နူးရဲ့ ကွင်းလယ်ခံစစ် ကစားပုံကလည်း တကယ့်ကို ထူးရှယ်ဖြစ်ခဲ့သလို ကတ်စီမီရိုကလည်း ကောင်းမွန်ခဲ့ပါတယ်။ ကျနော့်အမြင်အရတော့ အဲဒီ ကွင်းလယ်လူ သုံးယောက်စလုံးဟာ အဲဒီပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်ခဲ့ကြတာပါ" လို့ ၎င်းက ဆက်လက်ပြောဆိုပါတယ်။

အရင်က နည်းပြ ရူဘင်အာမိုရင် လက်ထက်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်းဟာ အားနည်းချက်တစ်ခု ဖြစ်ခဲ့ပေမဲ့ အခုအခါမှာတော့ ကွင်းလယ်လူ သုံးယောက်တွဲ ပုံစံဟာ တကယ့်ကို ကောင်းမွန်နေပြီဖြစ်ကြောင်း သုံးသပ်ထားကြပါတယ်။

"ဘရူနိုကတော့ အသင်းရဲ့ အကောင်းဆုံး ကစားသမားဖြစ်တာ သံသယဖြစ်စရာ မလိုပါဘူး။ အခုချိန်မှာ သူတို့ရဲ့ ကွင်းလယ်သုံးယောက်တွဲ ပုံစံဟာ အရင်ထက်စာရင် အများကြီး ပိုမိုတောင့်တင်းလာပြီလို့ ကျနော် ထင်မြင်မိပါတယ်" လို့ အိုဝင်ဟားဂရေ့ဗ်က ဖွင့်ဟခဲ့ပါတယ်။