အဲဗာတန်တိုက်စစ်ကစားသမား အန်ဒီယာရီကိုခေါ်ယူဖို့ ထိပ်ဆုံးကနေဦးဆောင်နေတဲ့ ယူနိုက်တက်
အဲဗာတန်တိုက်စစ်မှူး အန်ဒီယာရီကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့နေရာမှာ ယူနိုက်တက်ဟာ သူတို့ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ထက် အသာရနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အန်ဒီယာရီဟာ ဒီရာသီ ဒေးဗစ်မိုယက်စ်ရဲ့ အသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ကစားထားရာမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားပါတယ်။
အဲဒီလို ခြေစွမ်းပြနေတာကြောင့် နွေရာသီမှာ ဒီကစားသမားကို ခေါ်ယူဖို့ ပြင်ဆင်နေကြတဲ့ ထိပ်သီးအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို အန်ဒီယာရီက ရရှိနေတာ ဖြစ်ပါတယ်။
TEAMtalk ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ပြိုင်ဘက်တွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ထက် အန်ဒီယာရီကို ခေါ်ယူနိုင်ဖို့ ပိုပြီး အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။
အန်ဒီယာရီကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ ဝန်းကျင်လောက် ကျသင့်နိုင်ပြီး အဲဗာတန်အသင်းကတော့ သူတို့သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း အလျှော့အတင်းမရှိဘဲ ခိုင်ခိုင်မာမာ ရပ်တည်သွားမှာ ဖြစ်ပါတယ်။