The network connection is lost.

Banner Image

ယူနိုက်တက်ယူ-၂၁ အသင်းအတွက် စူပါဟက်ထရစ်သွင်းပြီး‌ ခြေစွမ်းပြခဲ့တဲ့ လူငယ်ကြယ်ပွင့် အိုဘီ

ပြီးခဲ့တဲ့ အင်္ဂါနေ့က လက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက် ယူ-၂၁ အသင်းရဲ့ တိုက်စစ်မှူး ချီဒိုအိုဘီက အထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လက်စတာအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် လိုအပ်တဲ့ ဂိုး ၄ ဂိုးစလုံးကို အိုဘီကပဲ သွင်းယူပေးခဲ့တာပါ။

အိုဘီဟာ ပွဲကစားချိန် ပထမပိုင်းမှာ ၂ ဂိုး၊ ဒုတိယပိုင်းမှာ ၂ ဂိုးစီ သွင်းယူခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ ယူ-၂၁ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အသက်အရွယ်အရ ဒီတိုက်စစ်မှူးလေးဟာ ယူ-၁၈ အသင်းမှာလည်း ပါဝင်ကစားခွင့်ရှိနေဆဲဖြစ်သလို ဒီရာသီ ယူနိုက်တက်ရဲ့ အက်ဖ်အေလူငယ်ဖလား ပြိုင်ပွဲမှာလည်း ပါဝင်ကစားနေသူ ဖြစ်ပါတယ်။

အိုဘီဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်စီနီယာအသင်းမှာ ပါဝင်ကစားခွင့် ရရှိခဲ့ဖူးပေမဲ့ ဒီရာသီမှာတော့ သူ့ရဲ့ တိုးတက်မှုနှုန်း ပိုမိုမြန်ဆန်လာစေဖို့အတွက် လူငယ်အသင်းမှာပဲ ဆက်လက်ထားရှိပြီး အရည်အချင်းတွေကို ပြုစုပျိုးထောင်ပေးနေတာဖြစ်ပါတယ်။