
ဘရန့်ဖို့ဒ်စတားကို ယူနိုက်တက်ထံပြောင်းလာနိုင်ဖို့ ကူညီနေတဲ့ ယူနိုက်တက်စတား
သတင်းတွေအရ ယူနိုက်တက်ဂိုးသမား အိုနာနာတစ်ယောက် ဘရန့်ဖို့ဒ်စတား အမ်ဘွီမိုကို အသင်းထံပြောင်းလာစေဖို့ ကူညီပေးနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ အခုနွေရာသီမှာ ပထမဆုံးခေါ်ယူမှုအဖြစ် ဝုဗ်စတား ကန်ဟာကိုခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်သလို အမ်ဘွီမိုကိုလည်း ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
မန်ချက်စတာညနေခင်းသတင်းဌာနရဲ့အဆိုအရ တော့တင်ဟမ်က စိတ်ဝင်စားနေပေမယ့် အိုနာနာဟာ အမ်ဘွီမိုကို ယူနိုက်တက်ထံပြောင်းလာအောင် စည်းရုံးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ နောက်ထပ်သတင်းတွေအရ ယူနိုက်တက်ဟာ ရှည်လျားတဲ့သမိုင်းကြောင်းအနေအထားရှိနေပြီး နိုင်ငံအသင်းဖော်တွေကိုအသုံးချကာ ကစားသမားကိုစည်းရုံးနေတယ်လို့ ဆိုပါတယ်။
အိုနာနာ နဲ့ အမ်ဘွီမိုတို့ဟာ ကင်မရွန်းတစ်နိုင်ငံတည်းသားဖြစ်သလို အဆိုပါဆက်ဆံရေးကိုအသုံးချပြီး သောမက်စ်ဖရန့်ခ်ရှိတဲ့ တော့တင်ဟမ်ထံပြောင်းမယ့်အရေးကို ကြားဖြတ်ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ တကယ်လို့ အမ်ဘွီမိုကို လက်လွှတ်ခဲ့ရပေမယ့် ယူနိုက်တက်ဟာ ဘုန်းမောက်စတား ဆီမီညို နဲ့ ပဲလေ့စ်စတား အီဇီးတို့ကို အရန်ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။
အိုနာနာဟာ အခုနွေရာသီမှာ ယူနိုက်တက်ကနေထွက်ခွာနိုင်ချေရှိနေတယ်လို့ သတင်းတွေထွက်နေပေမယ့်လည်း ကစားသမားကိုယ်တိုင်က အသင်းမှာဆက်နေနိုင်ဖို့ မျှော်လင့်နေပါတယ်။ “ကျွန်တော်ထွက်ခွာရမှာလား?။ ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရပါမယ်”လို့ အိုနာနာက ဖြေကြားခဲ့ပါတယ်။
၂၀၂၅ - ၂၆ ရာသီမှာ ရလဒ်တွေဆိုးဝါးခဲ့ပြီးနောက် အာမိုရင်ဟာ အသင်းလူအင်အားကိုအားဖြည့်ချင်နေပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ အမ်ဘွီမိုကိုခေါ်ယူနိုင်ဖို့မျှော်လင့်နေပါတယ်။ ယူနိုက်တက်ဟာ ရာသီကြိုခရီးစဉ်အတွက် အလုပ်များနေပြီး လာမယ့်လ ဆွီဒင်မြေမှာ လိဒ်ယူနိုက်တက်အသင်းနဲ့ကန်မှာဖြစ်ပါတယ်။